BEC-TERO TV

ဆိုရှယ် မီဒီယာ မှာ အားပေးမှုအများဆုံး ရရှိနေတဲ့ ဥရောပဘောလုံး အသင်း (၁၀) သင်း

14 Jun 2019     1,526 Views


ကမ္ဘာ့ ပေါ်မှာ ဘောလုံးအားကစားဟာ စိတ်ဝင်စားမှုအများဆုံး လူအကြိုက်အများဆုံး အားကစားတစ်ခုဖြစ်ပါတယ်။ ဘောလုံးအားကစားကို စိတ်ဝင်စားတဲ့ လူငယ်အများစုဟာ ကိုယ်ကြိုက်တဲ့ အသင်းတစ်သင်းကို ရွေးချယ်ပြီး အားပေးကြတာကို တွေ့ ရပါတယ်။ ယခုပြောပြချင်တဲ့ အကြောင်းက ဆိုရှယ် မီဒီယာမှာ အားပေးမှု အများဆုံးရရှိနေတဲ့ အသင်း (၁၀) ဖြစ်ပါတယ်။

Global Digital Football  က ထုတ်ပြန်ချက်အရ ဆိုရှယ် မီဒီယာမှာ အားပေးမှု အများဆုံးရရှိနေတဲ့ အသင်း (၁၀) မှာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က နံပါတ် (၁) နေရာမှာ ချိတ်ခဲ့ပြီး အဆိုပါ (၁၀) သင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အင်္ဂလန် ပရီးမီးယားကလပ်က အသင်း (၅) သင်းအထိပါဝင်နေခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ်ကလပ် တွေထဲ့မှာ အားပေးမှု အနည်းဆုံးဖြစ်တာကို တွေ့ ရပါတယ်။

ဘယ်အသင်းတွေက အားပေးမှု အများဆုံးလဲ ၊ အနည်းဆုံးလဲ ဆိုတာ ဆက်ကြည့်ရအောင်

၁၀။ နံပါတ် (၁၀) နဲ့ နောက်ဆုံးနေရတာက ရပ်တည်နေတာက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဖြစ်ပြီး ဖေ့စ်ဘုတ်မှာ ၃၅ သန်း Follower ရှိပြီး တွက်စ်တာ မှာ Follower ၈ သန်းအထိရှိပါတယ်။ ပီအက်စ်ဂျီအသင်းကို စုစုပေါင်း အားပေးသူ ၆၆ သန်းရှိပါတယ်။

၉။ နံပါတ် (၉) နေရာမှာက ပရီးမီးယားလိဂ် ထိပ်သီး တစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နဂိုက အောင်မြင်မှုတွေရရှိခဲ့ပေမယ် နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။လီဗာပူးလ်အသင်းကို ဆိုရှယ် မီဒီယာမှာ စုစုပေါင်း Follower  ၆၇ သန်းရှိပါတယ်။

၈။ အီတလီကလပ် ဂျူဗင်တပ်စ်အသင်းဟာ စီရီးအေမှာ အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပြီး ယခုအထိလည်း အောင်မြင်နေဆဲပါပဲ။ ဂျူဗင်တပ်စ်အသင်းကတော့ ဆိုရှယ် မီဒီယာမှာ စုစုပေါင်း Follower  ၆၉ သန်းရှိပါတယ်။

၇။ နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှုတွေဆက်တိုက်ရရှိနေတဲ့ မန်စီးတီးအသင်းက အားပေးတဲ့ဖန်တိုးလာခဲ့ပါတယ်။ ၂၀၁၇-၁၈ ၊၂၀၁၈-၁၉ ခုနှစ်တွေမှာ ဆက်တိုက်ပရီးမီးယားလိဂ် ဖလားကို ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးအသင်းက ဆိုရှယ် မီဒီယာမှာ စုစုပေါင်း Follower  ၇၂ သန်း အထိရှိပါတယ်။

၆။ တစ်ချိန်က တောက်ပတဲ့ ခြေစွမ်းတွေရှိနေတဲ့ အာဆင်နယ်အသင်းကတော့ ဖေ့စ်ဘုတ်မှာ Follower  ၄၉ သန်းအထိရှိနေပြီး အင်စတာဂရမ်မှာ Follower ၁၄ သန်းအထိရှိနေပါတယ်။ ယခုနောက်ပိုင်းမှာ အောင်မြင်မှုတွေနည်းပါးလာတဲ့ အာဆင်နယ်အသင်းကို အားပေးသူတွေက အများအပြားရှိနေဆဲပါပဲ။

၅။ ဂျာမဏီ ဘီလူးကြီးလို့တင်စားခေါ်ကြတဲ့ ဘိုင်ယန်မြူးနစ်အသင်းက အဆင့် (၅)နေရာမှာ ချိတ်ခဲ့ပါတယ်။ ဘိုင်ယန်မြူနစ်အသင်းဟာ တစ်ချိန်က အောင်မြင်မှု အရှိန်အဝါတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဆဲ့ ဖြစ်ပါတယ်။ဘိုင်ယန်အသင်းကို ဆိုရှယ် မီဒီယာမှာ စုစုပေါင်း Follower  ၇၉ သန်း အထိရှိပါတယ်။

၎။ ချဲလ်ဆီးအသင်း အေဗရာမိုဗစ် ဝယ်ယူပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းဟာ အောင်မြင်မှုတွေရရှိခဲ့ပြီး ပြီးခဲ့တဲ့ (၁၀) နှစ်တာကာလကို ပြန်ကြည့်ရင် ချဲလ်ဆီးအသင်းဟာ အောင်မြင်မှုတွေ အများအပြားရရှိခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကို ဆိုရှယ် မီဒီယာမှာ စုစုပေါင်း Follower  ၉၀ သန်း အထိရှိပါတယ်။

၃။ ပရီးမီးယားလိဂ်ကလပ်တွေထဲ့မှာ အားပေးမှု အများဆုံးကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေထဲ့မှာ အောင်မြင်မှုတွေ အရရှိဆုံးအသင်းတစ်သင်းဖြစ်ပြီး ပရိတ်သတ်အားပေးမှုလည်း အများဆုံးဖြစ်ပါတယ်။ မန်ယူအသင်းဟာ နံပါတ် (၃) နေရာမှ ချဲလ်ဆီးအသင်းနှင့် တော်တော်များများကွာဟနေပါတယ်။ မန်ယူအသင်းကို ဆိုရှယ် မီဒီယာမှာ စုစုပေါင်း Follower  ၁၃၇ သန်း အထိရှိပါတယ်။

၂။ အဆင့် (၂)နေရာမှာ စပိန်ကလပ် ဘာစီလိုနာအသင်းကရပ်တည်နေပြီး ကမ္ဘာ့ ထိပ်တန်း ကစားသမားကို ဆွဲဆောင်နိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ လီယွန်နယ် မက်စီ ၊ ကော်တင်ဟို ၊ ဆွာရက်ဇ် ၊ ပီကေး တို့လို့ ဒိတ်ဒိတ်ကြဲ ကစားသမားတွေရှိနေတာကြောင့် ပရိတ်သတ်တွေ အားပေးမှု အများအပြားရရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ဆိုရှယ် မီဒီယာမှာ စုစုပေါင်း Follower  ၂၄၀ သန်း အထိရှိပါတယ်။

၁။ ကမ္ဘာ့ အကောင်းဆုံးကလပ်လို့ပြောလိုရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာ့ ပေါ်မှာ အားပေးမှု အများဆုံး အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ နာမည်ကျော် ကစားသမားတွေ ကစားချင်တဲ့ အိမ်မက် အသင်းတစ်သင်း ဖြစ်ပါတယ်။ ရီးရဲလ်အသင်းကို ဆိုရှယ် မီဒီယာမှာ စုစုပေါင်း Follower  ၂၄၂ သန်း အထိရှိပါတယ်။

ဗဟုသုတရရှိကြပါစေ။

Ref ; insidesport


14 Jun 2019     1,526 Views




RELATED

Most Popular of Football

Most Popular of Sport