BEC-TERO TV

စင်ကာပူကို နိုင်ပြီးနောက် ကမ္ဘာ့ဘောလုံး အဆင့်သတ်မှတ်ချက်အရ (၂) ဆင့်အထိ တက်လာတဲ့ မြန်မာဘောလုံးအသင်း

14 Jun 2019     1,387 Views



ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ ဘောလုံးအဆင့်သတ်မှတ်ချက်အရ မြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ စင်ကာပူအသင်းကို အနိုင်ရရှိပြီးနောက် အဆင့် (၂) ဆင့်မြင့်တက်ခဲ့ပြီး ဒေသတွင်းပြိုင်ဘက် မလေးရှား ၊ အင်ဒိုနီရှား ၊စင်ကာပူ တို့ရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

မြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ ပြီးခဲတဲ့ ဧပြီလက အဆင့်(၁၄၀) မှ အဆင့် (၁၃၈) သို့ ၂ ဆင့်မြင့်တက်ခဲ့ခြင်း ဖြစ်ပါတယ်။ မလေးရှားအသင်းက ဇွန်လမှာ အဆင့်တက်လာခဲ့ပေမယ့် အဆင့် (၁၅၉) မှာသာ ရပ်တည်ခဲ့ပြီး အင်ဒိုနီးရှား အသင်းက အဆင့် (၁၆၀)၊ စင်ကာပူ အသင်းက အဆင့် (၁၆၂) နေရာတို့၌ အသီးသီရပ်တည်ခဲ့ကြောင်း သိရပါတယ်။ အိမ်နီချင်း ထိုင်းအသင်းက အဆင့်(၁၁၄) မှ အဆင့်(၁၁၆) သို့ ၂ ဆင့် ပြုတ်ကျခဲ့ပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းက ဖီဖာသတ်မှတ်ချက် ကမ္ဘာ့ အဆင့် (၄၄) နေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘာ့ အဆင့် နံပါတ် (၁)ကို ဘယ်ဂျီယံအသင်းက မပြောင်းလဲဘဲ ရပ်တည်ခဲ့ပြီး သူရဲ့ နောက်မှာ ပြင်သစ် ၊ ဘရာဇီး ၊ အင်္ဂလန်တို့က အသီးသီရပ်တည်နေကြပါတယ်။ နေရှင်းလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ ပေါ်တူဂီအသင်းက အဆင့် ၂ ဆင့်မြင့်တက်ခဲ့ပြီး စပိန် ၊ ခရိုအေးရှားတို့၏ အထက် အဆင့် ၅ နေရာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။


14 Jun 2019     1,387 Views




RELATED

Most Popular of Football

Most Popular of Sport