BEC-TERO TV

ကလေးအသံဆူလို့ ရေနွေးပူနဲ့ လောင်းပက်တဲ့ ကိုယ်ဝန်ဆောင်မိခင် (ရုပ်သံ)

14 Jun 2019     1,474 Views


စားသောက်ဆိုင်ထဲမှာ ရင်ခွင်ပိုက်အရွယ် ကလေးလေးတစ်ယောက် ဆူညံအောင် လုပ်နေတာကို နားမခံနိုင်တော့တဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးက ရေနွေးပူကို ပန်းကန်လုံးထဲထည့်ကာ ကလေးရှိရာနေရာကို သွာပြီး ရေးနွေးပူနဲ့ ပက်ခဲ့မှုတစ်ခု ဇွန်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
 
တရုတ်နိုင်ငံ ဟန်နန်ပြည်နယ်မှာရှိတဲ့ ရှန်းချန်မြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ ဖြစ်ခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် ‘ရန်’ ဟုသာ သိရတဲ့အမျိုးသမီးဟာ သူမကိုယ်တိုင်လည်း ၇ လ သား ကိုယ်ဝန် လွယ်ထားရပြီး စားသောက်ဆိုင်မှာ စားသောက်နေစဉ် အနီးနားစားပွဲရှိ မိသားစုမှ ၁၁ လသမီးလေးက ဇွန်းကိုကိုင်ပြီး စားပွဲခုံကို ခေါက်နေခဲ့တာကြောင့် ဆူညံတဲ့အသံကို နားမခံနိုင်တော့ပဲ ဒေါသတကြီး တမင်ရည်ရွယ်ကာ ရေနွေးပူနဲ့ ပက်ခဲ့တာကို စီစီတီဗီရုပ်သံမှာ တွေ့ခဲ့ရပါတယ်။
 
အဖြစ်ပျက်မဖြစ်ပွားခင်က ‘ရန်’ ဟာ ဆူညံသံကို နားမခံနိုင်ကြောင်း ကလေးရဲ့မိခင်ဖြစ်သူကို သွားရန်တွေ့ခဲ့ပါတယ်။ အဲဒီနောက် သူ့အမျိုးသားက ဆိုင်ထဲက သွားကြရအောင်လို့ ဖြောင့်ဖျပြီး ဆိုင်ထဲကနေ ထွက်လာခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် မကျေနပ်တဲ့စိတ်ကို ထိန်းမထားနိုင်တော့တဲ့ ‘ရန်’ က ၁၀ မိနစ်လောက်အကြာမှာ ဆိုင်ထဲကို ပြန်ဝင်လာပြီး ရေနွေးပူပူကို ပန်းကန်လုံးတစ်လုံးထဲ အပြည့်ဖြည့်ကာ ကလေးဆီ တည့်တည့်လျှောက်သွားပြီး ပက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆိုင်ထဲက ထွက်သွားခဲ့ပါတယ်။
 
 
ဒီအဖြစ်ပျက်ကို မြင်လိုက်ရတဲ့ အခြားသူတွေက ဆိုင်ထဲကနေ သူနောက်ကို လိုက်ထွက်သွားကြတာတွေ့ရပါတယ်။ ချက်ခြင်းဆိုသလို ရဲကို ဖုန်းဆက် တိုင်ကြားခံလိုက်ရပါတယ်။ ကလေးကိုတော့ နီးစပ်ရာ ဆေးရုံကိုခေါ်သွားပြီး အပူလောင်ဒဏ်ရာတွေ ဆေးကုပေးခဲ့ပါတယ်။ ဆရာဝန်ရဲ့အဆိုအရ ကလေးဟာ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့အတွက် အကြီးအကျယ် ရှော့ခ်ရနေပြီး အစားအသောက်ဆိုလည်း ဘာမှ မစားတော့ဘူးလို့ ဆိုပါတယ်။
 
‘ရန်’ ကိုတော့ ရဲတွေက ဖမ်းဆီးခဲ့ပြီး ၁၅ ရက် ထိန်းသိမ်ခံရကာ တရုတ်ယွမ်ငွေ ၅၀၀ (ကျပ် တစ်သိန်းကျော်) ဒဏ်ငွေရိုက်ခဲ့ပါတယ်။ သူမဟာ ကိုယ်ဝန် ၇ လရှိ ဖြစ်နေတဲ့အတွက်ကြောင့် အချုပ်မကျခဲ့ပါဘူး။ သူမအနေနဲ့ ကလေးရဲ့ ဆေးကုသစရိတ်ကိုလည်း ကျခံရမှာဖြစ်ပါတယ်။
 
တရုတ်နိုင်ငံရဲ့ ဥပဒေမှာ အမျိုးသမီးတွေကို ကိုယ်ဝန်ကြီးနဲ့ သို့မဟုတ် မိခင်စောင့်ရှောက်ရမယ့်အရွယ် ကလေးရှိနေပါက အချုပ်ချ၊ ထောင်ချခြင်းကို တားမြစ်ထားပါတယ်။ 

 


14 Jun 2019     1,474 Views




RELATED

Most Popular of Special or Others

Most Popular of NEWS