BEC-TERO TV

အတူနေကိစ္စတွေမှာ ဘာလိုတယ်လီက ရော်နယ်ဒိုထက် ပိုကောင်းပါတယ် ဆိုပြီးဖွင့်ဟလာတဲ့ ရော်နယ်ဒို ရည်စားဟောင်း ရာဖေးလာ ဖီကို

17 Jun 2019     1,384 Views


နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို ၊ ဘာလိုတယ်လီ တို့ရဲ့ ရည်းစားဟောင်းဖြစ်ခဲ့တဲ့ ရာဖေးလာ ဖီကိုက အတူနေကိစ္စတွေမှာ အီတလီတိုက်စစ်မှူး ဘာလိုတယ်လီဟာ ရော်နယ်ဒိုထက် ချိုမြိန်မှု ပေးစွမ်းနိုင်တဲ့အကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။

အီတလီမော်ဒယ် တစ်ဦးဖြစ်တဲ့ ရာဖေးလာ ဖီကိုဟာ ရော်နယ်ဒို ၊ ဘာလိုတယ်လီတို့နဲ့ တွဲခဲ့ဖူးတာကြောင့် သူတို့နှစ်ယောက်ရဲ့ အကြောင်းကို အတွင်းကျကျ သိနိုင်ခဲ့ပါတယ်။ ဖီကို ဟာ ၂၀၀၉ ခုနှစ်မှာတော့ ရော်နယ်ဒိုနဲ့ ၁၁ လကြာ တွဲခဲ့ပြီး  ၂၀၁၁ ခုနှစ်မှာ အီတလီသားကြီး ဘာလိုတယ်လီနဲ့ ၅ လကြာ တွဲခုတ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ သူမဟာ သူတို့နှစ်ယောက်ရဲ့ အတူနေကိစ္စတွေမှာ ဘယ်သူက ထက်မြက်လဲ ၊ ချိုမြိန်မှုပေးစွမ်းနိုင်လဲ ဆိုတာတွေကို မီဒီယာတွေကို ဖောက်သည်ချခဲ့ပါတယ်။

“ဘာလိုတယ်လီက ဆိုရင် လိင်ကိစ္စမှာ ရော်နယ်ဒိုထက် ချိုမြိန်သာယာမှုရှိပါတယ်။ သူတို့ကို အပြင်မှာမြင်တွေ့ နေရတဲ့ ပုံစံနဲ့ နှစ်ယောက်တည်း တွေ့ ရတဲ့ ပုံစံတွေက ခြားနာပါတယ် ။ ဘာလိုတယ်လီကတော့ ပိုတော်တဲ့ သူတစ်ယောက်ပါ  ” လို့ဆိုပြီး ပြောပါတယ်။ ရာဖေးလာ ဖီကိုဟာ ဘာလိုတယ်လီ နဲ့အတူ ရရှိခဲ့တဲ့ (၆) နှစ်အရွယ်သမီးလေးတစ်ဦး ပိုင်ဆိုင်ခဲ့ပြီး နှစ်ဦးကြားမှာ ပြသာနာတွေ ရှိခဲ့ကြောင်းကိုလည်း ဝန်ခံပြောကြားခဲပါတယ်။

“မာရီယို ဘာလိုတယ်လီ နဲ့ ကျွန်မတို့ဟာ နှစ်ယောက်စလုံးမှားခဲ့ကြပါတယ်။ အခုတော့ အတူရှိခဲ့တဲ့အချိန်တွေထက် လှပပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေကြပါပြီ”လို့ ဖီကို ကပြောပါတယ်။ အခုချိန်မှာ မာရီယို ဘာလိုတယ်လိုဟာ ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သားဖြစ်သူ Lion ကိုလည်းပိုင်ဆိုင်နေပါပြီ။

အသက် (၂၈) နှစ်အရွယ် ဘာလိုတယ်လီ အရင်က ကစားခဲ့တဲ့ အသင်းတွေမှာ ပြသာနာတွေ ၊ ပုံရိပ်ဆိုးတွေရှိခဲ့ပေမယ့် အခုချိန်မှာ ပြသာနာတွေ နည်းပါသွားခဲ့ပြီး ပြင်သစ်ကလပ် မာဆေးအသင်းမှာ ခြေစွမ်းပြ ကစားနေပါတယ်။ ဘာလိုတယ်လီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်က နိုက်စ်အသင်းကနေ မာဆေးအသင်းကို ပြောင်းရွေ့ ကစားခဲ့ပြီး (၁၅) ပွဲမှာ သွင်းဂိုး (၈) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုက ၂၀၁၆ ခုနှစ်မှ ကတည်းကလက်တွဲခဲ့တဲ့ ဂျော်ဂျီနာ ရိုဒရီဂတ် နဲ့ အတူနေပြီး လက်ရှိအချိန်မှာ  ကလေး ၄ ယောက်နဲ့အတူ သာယာ ပျော်ရွင်တဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက်နေခဲ့ပြီးပဲ ဖြစ်ပါတယ်။


17 Jun 2019     1,384 Views




RELATED

Most Popular of Football

Most Popular of Sport