BEC-TERO TV

ကာတာအသင်းကို ၂ ဂိုးပြတ်အနိုင်ကနေ ၂ ဂိုးပြန်ပေးခဲ့ရတာကြောင့် ပေါက်ကွဲနေတဲ့ ပါရာဂွေးနည်းပြ

17 Jun 2019     1,491 Views


မနေ့ညက ကိုပါအမေရိက အုပ်စုအဖွင့်ပွဲစဉ်မှာ ပါရာဂွေးအသင်းဟာ ကာတာအသင်းကို ၂ ဂိုးအနိုင်ကနေ ၂ ဂိုးပြန်ပေးခဲ့ရပြီး သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ပါရာဂွေးနည်းပြ အက်ဒွါဒိုဘယ်ရစ်ဒိုဟာ ဒေါသထွက်ပေါက်ကွဲခဲ့ပြီး ကိုပါအမေရိက ပြိုင်ပွဲမှာ ဂျပန် နှင့် ကာတာ ပါဝင်နေခြင်းအပေါ် ဝေဖန်ပြောဆိုခဲ့ပါတယ်။

 ပါရာဂွေးအသင်းက ကာတာအသင်းကို ပွဲချိန် ၅၆ မိနစ်အထိ ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲချိန် ၆၈ မိနစ် ၊ ၇၇ မိနစ်တွေမှာ ကာတာအသင်းက ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့တာကြောင့် ရမှတ် ၃ မှတ်ရဖို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

 “ ကျွန်တော်တို့အသင်းကာ ကာတာကို သရေကျတာဟာ ခံစားရအတော်ခက်ပါတယ်။ ပါရာဂွေးနည်းပြ အက်ဒွါဒိုဘယ်ရစ်ဒိုဟာ ဂျပန်နဲ့ ကာတာက ဒီပြိုင်ပွဲမှာ ရှိမနေသင့်ဘူး ။ ကိုပါအမေရိကပြိုင်ပွဲမှာ အမေရိကအသင်းတွေသာ ပါဝင်သင့်ပါတယ်။ အမေရိကအသင်းတွေက ပါဝင်ယှဉ်ပြိုင်ရင်တောင် အဓိပ္ပာယ်ရှိဦးမယ် ” လို့ ပါရာဂွေးနည်းပြ အက်ဒွါဒိုဘယ်ရစ်ဒို ကပြောကြားခဲပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ ကိုပါအမေရိကပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့အတွက် အခြား အသင်းတွေကို ဖိတ်ခေါ်တဲ့ သမိုင်းကြောင်းရှိပြီး ၂၀၁၉-၂၀ ကိုပါအမေရိကပြိုင်ပွဲမှာ အာရှအသင်း ၂ သင်းကို ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ သက်တမ်းအရင့်ဆုံးဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ အာရှအသင်းတွေဖြစ်တဲ့ အာရှချန်ပီယံ ကာတာအသင်းနှင့် ဂျပန်အသင်းတို့ဟာ ဖိတ်ကြားခြင်းခံခဲ့ရပြီး ကိုပါအမေရိကပြိုင်ပွဲမှာ ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။ လာမည့် ၂၀၂၀-၂၁ ကိုလံဘီယာနဲ့ အာဂျင်တီးနားမှာပြုလုပ်မယ့် ကိုပါအမေရိကပြိုင်ပွဲကို သြစတြေးလျအသင်းကလည်း ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပါရာဂွေအသင်းဟာ အုပ်စု B မှာ ကိုလံဘီယာ ၊အာဂျင်တီးနာ ၊ ကာတာ အသင်းတို့နဲ့ ပါဝင်နေပြီး ၁ ပွဲကစားထားပြီး ၁ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ နာမည်ကြီး အာဂျင်တီးနာအသင်းက ကိုလံဘီယာကို ၀-၂ ဖြင့်ရှုံးနိမ့်ပြီး အမှတ်ပေးဇယား အောက်ဆုံးမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။


17 Jun 2019     1,491 Views




RELATED

Most Popular of Football

Most Popular of Sport