BEC-TERO TV

“ ဘုရားပေးတဲ့လက် ” သွင်းဂိုးက ဖော့ကလန်စစ်ပွဲအတွက် လက်စားချေခဲ့တာပါဆိုတဲ့ မာရာဒိုနာ

17 Jun 2019     1,283 Views


ဘုရားပေးတဲ့လက် ဆိုပြီး နာမည်ကြီးခဲ့တဲ့ မာရာဒိုနာ သွင်းယူခဲ့တဲ့ ဂိုးဟာ ဖော့ကလန်းစစ်ပွဲအတွက် အင်္ဂလိပ်တွေကို ပြန်ပြီးကလဲ့စားချေတာဖြစ်တယ်လို့ အာဂျင်တီးနားဂန္ထဝင် ကစားသမား မာရာဒိုနာက ထုတ်ပြောခဲ့ပါတယ်။

မာရာဒိုနာဟာ ၁၉၈၆ ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အာဂျင်တီနားတိုက်စစ်မှူး မာရာဒိုနာ ဟာ အင်္ဂလန်အသင်းဘက်ကို လက်ဖြင့်ပုတ်သွင်းခဲ့ပြီး ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ မာရာဒိုနာဟာ အထူးခြေစွမ်းပြကစားခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် အလှပဆုံးလို့ ပြောလို့ရတဲ့ အင်္ဂလန် ကစားသမား ၅ ဦးခန့်ကို လိမ်ခေါက်ပြီး သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူခဲ့ပါသေးတယ်။ 

“ကျွန်တော် လက်ဖြင့်ပုတ်သွင်းခဲ့တဲ့ သွင်းဂိုး ဒိုင်လူကြီးက မမြင်ခဲ့ပါဘူး။ ဒိုင်လူကြီးကတော့ ဒါကို သွင်းဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါက အင်္ဂလိပ်တွေကို လက်စားချေခွင့်ရခဲ့တာပါပဲ ” လို့ မာရာဒိုနာကပြောပါတယ်။

မာရာဒိုနာ၏ ဖြစ်ရပ်မှန်အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဗြိတိန်နိုင်ငံ မှာ ရုံးတင်ပြသတော့မှာဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားမှာ လက်ဖြင့်သွင်းခဲ့တဲ့ “ဘုရားပေးတဲ့ လက် ” သွင်းဂိုးအကြောင်းတွေလည်း ပါဝင်မှာဖြစ်တယ်လို့ပြောပါတယ်။

ဖော့ကလန်စစ်ပွဲဟာ ၁၉၈၂ နှစ်မှာ ဖော့ကလန်ကျွန်းစုကို ပိုင်ဆိုင်မှု ပြသာနာဟာ ဗြိတိန်နှင့် အာဂျင်တီးနား တို့အကြား အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ၁၀ ပတ်ခန့် စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးတော့ ဗြိတိန်တို့ကပဲ ဖော့ကလန်ကျွန်း ကို ရရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကွာတားမှာ အင်္ဂလန်ကိုအနိုင်ယူပြီးနောက် ဆီးမီးမှာ ဘယ်ဂျီယံ တို့ကို့ ထပ်မံအနိုင်ယူခဲ့ပါတယ်။ ဖိုင်နယ်မှာ အနောက်ဂျာမနီကို အနိုင်ရရှိခဲ့ပြီး ၁၉၈၆ ခုနှစ်ကမ္ဘာ့ ဖလားကြီးကို ရရှိခဲ့ပါတယ်။


17 Jun 2019     1,283 Views




RELATED

Most Popular of Football

Most Popular of Sport