BEC-TERO TV

ပြန်လည်သရုပ်ဆောင်ဖို့ ဇာတ်ညွှန်းကောင်းကောင်း ကိုရှာဖွေနေတယ်လို့ ဆိုလာသူ ဝန်ဘင်း

18 Jun 2019     1,394 Views


မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြသဖူးတဲ့ ကိုးရီးယားဇာတ်လမ်းတွဲ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” မှ ‘ထယ်စောက’်လို့ မြန်မာပရိတ်သတ်တွေ သိကြတဲ့ မင်းသား ဝန်ဘင်းဟာဆိုရင် ဇာတ်ကားအသစ်တွေမရိုက်ကူးဖြစ်တာ ၉ နှစ်တိတိရှိခဲ့ပါပြီ။ သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ “The Man From Nowhere” ပါ ။ မင်းသားဟာ ဒီဇာတ်ကားရိုက်ကူးပြီးနောက်ပိုင်း ရုပ်ရှင်ကားရော၊ ဒရာမာဇာတ်လမ်းတွဲတွေပါ ရိုက်ကူးခြင်းမျိုး မရှိတာကြောင့် ပရိတ်သတ်တွေက ဝန်ဘင်းတစ်ယောက် သရုပ်ဆောင်အလုပ်ကို ဆက်လုပ်လေမလား၊ မလုပ်တော့ဘူးလားဆိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။ ဝန်ဘင်းရဲ့ ဇာတ်ကားတွေကို စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေအတွက် သတင်းကောင်းတွေ စောင့်ကြိုနေပါပြီ။ ဝန်ဘင်း တစ်ယောက်ဇာတ်ကားအသစ်ရိုက်ကူးဖို့ ဘယ်လိုအစီအစဉ်တွေရှိတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read  More ကိုနှိပ်ပါ။<<

ဒီနှစ်ပိုင်းတွေမှာ ဝန်ဘင်း ဇာတ်ကားအသစ်တွေ မရိုက်ကူးဖြစ်ပေမဲ့ ပရိတ်သတ်တွေကတော့ ဝန်ဘင်းကို မေ့ပျောက်မသွားပါဘူး။ ‘ဝန်ဘင်းက သရုပ်ဆောင်မလုပ်တော့ဘူးလား? ဘယ်နယ်ပယ်ကိုရောက်ရှိသွားပြီလဲ’ အစရှိသဖြင့် မေးခွန်းတွေ ရှိလာပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ဝန်ဘင်းရဲ့ အနုပညာလောကမှ အသိအကျွမ်းတစ်ဦးက အောက်ပါအတိုင်းပြောကြားလာပါတယ်။

“ပရိတ်သတ်တွေ အထင်လွဲနေတာပါ။ ဝန်ဘင်းက သရုပ်ဆောင်အလုပ်ကို ဆက်မလုပ်ဖြစ်တော့တာမဟုတ်ပါဘူး။ သူရိုက်ချင်တဲ့ ဇာတ်ကားမျိုး သူ့ဆီရောက်မလာသေးလို့ စောင့်မျှော်နေတာပါ။ သူက ဇာတ်ကားလာ ကမ်းလှမ်းတဲ့အခါမျိုးမှာ သေချာစိစစ်ရွေးချယ်တာမို့ အချိန်ကြာနေတာဖြစ်ပါတယ်။ ဒီတစ်ခါမှာလဲ ပရိတ်သတ်ကို မတူတဲ့ ခံစားချက်မျိုးပေးချင်နေတာဖြစ်ပြီး သူလိုချင်တဲ့ ဇာတ်ကားမျိုး လာရောက်ကမ်းလှမ်းတာမျိုးမရှိသေးလို့ မရိုက်ဖြစ်သေးတာပါ။ လက်ရှိမှာ ဘယ်ဇာတ်ကားနဲ့မှာ စာချုပ်ချုပ်ထားခြင်းမရှိသေးပါဘူး” လို့ ထုတ်ဖော်ပြောကြားလာပါတယ်။

တစ်ဖန် ဝန်ဘင်းရဲ့ ဇနီးသည် မင်းသမီး လီနာယောင်းကလဲ “ဝန်ဘင်းနဲ့ ကျွန်မက တူတူပါပဲ။ ပရိတ်သတ်ကို လူသားဆန်တဲ့ အတွေးအခေါ်တွေရစေမယ့် ဇာတ်ကားမျိုး၊ သုတ၊ ရသ နှစ်ခုလုံးကို ပေးစွမ်းချင်ကြတာပါ။ လတ်တလော လာကမ်းလှမ်းတဲ့ ထဲမှာ ဒီလိုဇာတ်ကားတွေမပါဝင်သေးတဲ့အတွက် သူလက်မခံဖြစ်တာပါ။ မကြာခင် သူဇာတ်ကားအသစ်တွေနဲ့အတူ ပြန်လာပါလိမ့်မယ် အချိန်အကြာကြီးစောင့်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး” လို့ ပြောကြားသွားပါတယ်။

ဝန်ဘင်းဟာ လတ်တလောမှာ မော်ဒယ်လုပ်ငန်းနဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး သူ့အနေနဲ့ သရုပ်ဆောင်အလုပ်ကို ရပ်နားလိုက်တာမဟုတ်ကြောင်း ရင်းနှီးတဲ့ မိတ်ဆွေနဲ့ ဇနီးသည်မှတစ်ဆင့် ပရိတ်သတ်ကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။ ဝန်ဘင်းနဲ့ ရင်းနှီးတဲ့ ဒါရိုက်တာ Bong Joon Ho မှလဲ ဝန်ဘင်းရဲ့ ဇာတ်ကားအသစ်တွေကို မြင်ချင်လှပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

မြန်မာပရိတ်သတ်တွေထယ်စောက်လို့ သိကြတဲ့ ဝန်ဘင်းရဲ့ ဇာတ်ကားအသစ်တွေကို ပိုပိုလေးနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

source-koreaboo

(ပိုပိုလေး)

 

 


18 Jun 2019     1,394 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS