BEC-TERO TV

Trailer ထွက်ရှိလာတဲ့ Jo Jung Suk နဲ့ Yoona တို့ဇာတ်ကားအသစ်

18 Jun 2019     1,030 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် သရုပ်ဆောင် Jo Jung Suk နဲ့ Girls’ Generation အဖွဲ့ဝင် Yoona တို့ဟာ ရုပ်ရှင်ကားကြီးတစ်ကားမှာ အတူပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ နာမည်ကျော် ဒိတ်ဒိတ်ကျဲတွေမို့ ဒီကားကို စိတ်ဝင်စားနေသူ ပရိတ်သတ်တွေ အများအပြားပါပဲ။ ဇာတ်လမ်းဟာ ဟာသအက်ရှင် ဇာတ်ကားတစ်ကားဖြစ်ပြီး Jo Jung Suk နဲ့ Yoona တို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ trailer video ကိုကြည့်ရှုဖို့ ဆက်လက်ဖတ်ရှလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သရုပ်ဆောင် Jo Jung Suk နဲ့ Yoona တို့ဟာ E.X.I.T လို့ အမည်ရတဲ့ ဟာသ အက်ရှင် ရုပ်ရှင်ကားမှာ အတူပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားမှာ Yongnam လို့ အမည်ရတဲ့ အလုပ်လက်မဲ့ လူတစ်ယောက်ဟာ ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းဖို့ ကြိုးစားနေရာက တစ်နေ့မှာ သူနေထိုင်ရာမြို့ကို အဆိပ်ပါဝင်တဲ့ ဓာတ်ငွေ့များ ပျံ့လွှင့်လာခဲ့ပါတယ်။ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်အနေနဲ့ အချစ်ကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားနေရင်းက ပြဿနာအမျိုးမျိုး ထွက်ပေါ်လာပြီး သူကြိတ်ကြွေနေရတဲ့ မိန်းကလေးနဲ့ ညီနောင်တွေ ဖြစ်လာပြီး မြို့တွင်းမှ လူတွေကို အတူတကွ ကယ်တင်ရမယ့် အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ သူ့ဘက်က ချစ်နေပေမဲ့ တစ်ဖက် ကမိန်းကလေးက သူ့ကို အစ်ကိုတစ်ယောက်အဖြစ်သာ သတ်မှတ်ထားတာကြောင့် ချစ်မှုရေးရာ အခက်အခဲတွေကို ဟာသအနေနဲ့ ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

E.X.I.T ဇာတ်ကားကို တောင်ကိုးရီးယားမှာ ဒီနှစ် နွေရာသီမှာ ပြသဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ Yoona နဲ့ Jo Jung Suk တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ E.X.I.T trailer ကို ပိုပိုလေးနဲ့အတူ ကြည့်ရှလိုက်ရအောင်။

(ပိုပိုလေး)


18 Jun 2019     1,030 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS