BEC-TERO TV

အမေရိကန်ဒေါ်လာ ၆.၄ သန်းအကုန်အကျခံကာ အိမ်ကြီးနှစ်လုံးဝယ်ယူလိုက်တဲ့ IU

18 Jun 2019     3,102 Views


တောင်ကိုးရီးယားနာမည်ကြီး အဆိုတော်၊ သရုပ်ဆောင်မလေး IU ဟာ ဒေါ်လာသန်းချီတန်တဲ့ 2-story ပုံစံ အိမ်ကြီးတစ်လုံးကို Yang-pyeong မှာ ဝယ်ယူလိုက်ပြီပဲဖြစ်ပါတယ်။ သရုပ်ဆောင်လောကမှာရော အဆိုတော်လောကမှာပါ အောင်မြင်သူတစ်ယောက်အနေနဲ့ ဒီလို အိမ်မျိုးပိုင်ဆိုင် ထားရတာ မဆန်းပါဘူး။ IU ဟာ ဒီလို အဆောက်အဦးဝယ်ယူတာ အခုမှမဟုတ်ပါဘူး။ ဒီမတိုင်ခင် ၂၀၁၈ မှာလဲ သူမအမေအတွက် အဆောက်အဦးတစ်ခု ဝယ်ယူဖူးပါတယ်။ တကယ်ကို မိဘကို သိတတ်တဲ့ သမီးလိမ္မာလေးပါပဲ။IU ဝယ်ယူထားတဲ့ အဆောက်အဦးတွေနဲ့ ပတ်သတ်ပြီး အသေးစိတ်သိရှိဖို့ ဆက်လက်ဖတ်ရှလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကို နှိပ်ပါ။<<

Supreme Court အွန်လိုင်း အိမ်ခြံမြေအရောင်း ဝက်ဘ်ဆိုဒ်အရ IU ဟာ Yangpyeong-gun မှာ အိမ်ဝယ်ဖို့ ၂၀၁၈ သြဂုတ်လ ၁ ရက်နေ့မှာ အမေရိကန် ဒေါ်လာ ၁.၈၅ သန်းကို ပေးချေခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာတော့ ကျန်ရှိတဲ့ ငွေပမာဏ ကို ဆက်လက်ပေးချေခဲ့ပါတယ်။ အိမ်ရဲ့ တန်ဖိုးစုစုပေါင်းကတော့ ဒေါ်လာ ၂.၅ သန်းပဲဖြစ်ပါတယ်။

“IU ဟာ သူမမိသားစုနဲ့အတူ အေးဆေးစွာအနားယူနိုင်ဖို့ Yangpyeong-gun မှာအိမ်ဝယ်ခဲ့တာပဲဖြစ်ပါတယ်။ အဓိကကတော့ သူမ အားလပ်ရက်တွေမှာ အဖွားနဲ့အတူ အချိန်ကုန်ဆုံးချင်လို့ ဒီအိမ်ကို ဝယ်ဖြစ်သွားတာပါ။ Yangpyeong-gun ဟာ လေကောင်းလေသန့်ရပြီး ရေသန့်ရရှိတဲ့ အရပ်ဒေသပါ။ မိနစ် ၃၀ ခန့် ကားမောင်းသွားရင် ဆိုးလ်ကိုရောက်ပါပြီ” ဆိုပြီး IU ရဲ့ အေဂျင်စီ Kakao M Entertainment မှ သတင်းထုတ်ပြန်လာပါတယ်။

ဒါတင်မက IU ဟာ Gyeonggi-do မှာ အမေရိကန်ဒေါ်လာ ၃.၉ သန်းတန်တဲ့ အဆောက်အဦးတစ်ခုကို ဝယ်ယူခဲ့ပါသေးတယ်။ ဒီအဆောက်အဦးကတော့ သူမအမေနဲ့ သူမ အသုံးပြုရန် စတီဒီယို လုပ်ဖို့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ အေဂျင်စီမှ တစ်ဆင့်ထုတ်ပြန်ကြေညာသွားပါတယ်။

IU ဟာ အဆိုတော်မဖြစ်ခင် ဆင်းရဲလွန်းတာကြောင့် ငယ်စဉ်ကလေးဘဝကရုန်းကန်ရင်း ကြီးပြင်းလာသူတစ်ဦးပါ။ အခုတော့ အောင်မြင်တဲ့ သရုပ်ဆောင် အဆိုတော်တစ်ယောက်ဖြစ်လာပြီး တစ်နှစ်အတွင်းမှာ ဒေါ်လာသန်းချီတန်တဲ့ အိမ် ၂ လုံးကို ဝယ်ပြသွားတဲ့ သူဋ္ဌေးမလေးဖြစ်လာပါပြီ။ အလုပ်ကြိုးစားပြီး မိဘနဲ့ အဖွားအပေါ်သိတတ်တဲ့ IU လေးကို မချီးကျူးပဲ မနေနိုင်တော့ပါဘူး။

(ပိုပိုလေး)

 

 


18 Jun 2019     3,102 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS