BEC-TERO TV

စက်လှေကားတွယ်စီးရင်း ဦးခေါင်းညပ်ပါသွားတဲ့ မိန်းကလေး (ရုပ်သံ)

19 Jun 2019     1,375 Views


စက်လှေကားနဲ့ ပက်သက်ပြီး မတော်တဆမှုတွေဟာ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။ ယနေ့ခေတ်မှာ စက်လှေကားကို နေရာအတော်များများမှာ အသုံးပြုနေကြတာကြောင့် ရှောင်လွဲလို့မရနိုင်တဲ့ စက်လှေကားတွေ စီးတဲ့အခါ သတိရှိဖို့လိုအပ်ပါတယ်။
 
အထူးသဖြင့် ကလေးတွေဟာ စက်လှေကားကို ပုံစံအမျိုးမျိုးနဲ့ ဆော့ကစားပြီး စီးတတ်ကြတာကိုလည်း မြင်တွေ့ရတတ်ပါတယ်။ ယခုအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ ဂျန်းဇီမြို့က ဈေးဝယ်စင်တာတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။
 
ဆံပင်အရှည် ပန်းရောင်အင်္ကျီ ဂျင်းဘောင်းဘီတို ဝတ်ဆင်ထားတဲ့ မိန်းကလေးဟာ အပေါ်ကို တက်နေတဲ့ စက်လှေကားကို စီးနေစဉ် လက်ရမ်းပေါ်ကို ကိုယ်တစ်ပိုင်းတင်ကာ ကစားရင်း လိုက်ပါခဲ့ပါတယ်။ သတိမထားမိတာက အပေါ်ထပ်ရောက်ခါနီးမှာ စက်လှေကားလက်ရမ်းနဲ့ အပေါ်ထပ်ကြမ်းပြင် နံရံအကြား ကွာဟမှုက ကျဉ်းကျဉ်းလေးသာ ရှိတော့တာဖြစ်ပါတယ်။
 
 
သူမရဲ့ အနီးမှာလည်း စုံတွဲတစ်တွဲ အတူလိုက်ပါလာပါတယ်။ အပေါ်ထက်ရောက်ခါနီးမှာ မိန်းကလေးရဲ့ဦးခေါင်းဟာ စက်လှေကားနဲ့ အုတ်န့ရံကြား ညပ်ပြီး ပါသွားတာကို ထိတ်လန့်ဖွယ်တွေ့ခဲ့ရပါတယ်။ အတူစီးလားတဲ့ စုံတွဲလဲ ကြောက်လန့်ပြီး စက်လှေကားပေါ်ကို တက်ပြေးလာတာတွေ့ရပါတယ်။
 
 
ကံကောင်းထောက်မပြီး လက်ရန်းနဲ့ နံရံ ဟနေတဲ့ အကွာအဝေးက သူမရဲ့ ဦးခေါင်းနဲ့ ကွက်တိကျခဲ့တာကြောင့် ဇက်ကျိုးပြီးသေမယ့်ဘေးကနေ လွတ်ခဲ့ပါတယ်။ ဒါပေမယ့် နားထင်မှာတော့ ပွန်းပဲ့ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ ဒါကြောင့်မို့ စက်လှေကားစီးတဲ့အခါ အထူးသဖြင့် ကလေးတွေ၊ သတိရှိရှိနဲ့ စီးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
 

19 Jun 2019     1,375 Views




RELATED

Most Popular of Special or Others

Most Popular of NEWS