BEC-TERO TV

ပတ်ချာလည်ရဟတ်ပေါ်ကနေ ပြုတ်ကျပြီး လွင့်ထွက်သွားတဲ့ မိန်းကလေး (ရုပ်သံ)

20 Jun 2019     1,360 Views


မက္ကစီကိုနိုင်ငံမှာ ရှိတဲ့ ပွဲခင်းတစ်ခုထဲမှာ အပျော်စီး စောက်ထိုးမိုးမျှော် ပတ်ချာလည်လှည့် (ဂွန်ဒိုလာ) ရဟတ်ပေါ်မှ မိန်းကလေးတစ်ယောက် ပြုတ်ကျခဲ့ပြီး ရဟတ်နဲ့ ပြန်ရိုက်ကာ လွင့်ထွက်သွားမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
ဖုန်းကင်မရာဖြင့် အမှတ်တရ ရိုက်ကူးခဲ့ရာမှ မထင်မှတ်ပဲ တုန်လှုပ်ခြောက်ခြားစရာ အဖြစ်ပျက်တစ်ခုလုံးကို သက်သေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ရုပ်သံအရ ဖြည်းဖြည်းခြင်လွှဲနေတဲ့ ရဟတ်ပေါ်မှာ လူတွေ ဝိုင်းထိုင်ပြီး စီးနေခဲ့ကြပါတယ်။ ရဟတ်က တစ်ဖြည်းဖြည်း အရှိန်ရလာကာ လူတွေအားလုံး စောက်ထိုးမိုးမျှော်နဲ့ ပတ်ချာလည် လှည့်နေပါတယ်။
 
 
ရဟတ်ကမိုးပေါ်ထောင်ပြီး လူတွေအားလုံး စောက်ထိုးဖြစ်နေတဲ့ တစ်ချိန်မှာတော့ မိန်းကလေးတစ်ယောက် သူ့ရဲ့ထိုင်ခုံကနေ ထွက်ကျသွားပါတယ်။ ရုတ်တရက် သတိရှိတဲ့ သူမကမြေကြီးပေါ် ပြုတ်မကျအောင် သူ့ရဲ့ခုံတန်းကို တွဲလွဲခိုထားခဲ့ပါတယ်။ 
 
ဒါပေမယ့် မိုးပေါ်ထောင်နေတဲ့ ရဟတ်တွဲတစ်ခုလုံး ပြန်ပြုတ်ကျလာချိန်မှာတော့ တွဲလဲဖြစ်နေတဲ့သူမရဲ့ ခန္ဓာကိုယ်ကို ဖြတ်ရိုက်ခံရသလိုဖြစ်ပြီး အဝေးကိုလွင့်ထွက်သွားတာကို တုန်လှုပ်စရာကောင်းအောင် မြင်တွေ့လိုက်ရပါတယ်။
 
 
အဖြစ်ပျက်ကြောင့် ဘေးနားမှာဝိုင်းကြည့်နေတဲ့ သူတွေအားလုံး ထိတ်လန့်စွာ အော်ဟစ်နေကြတာကို တွေ့ခဲ့ရပါတယ်။ ရဟတ်မောင်းသူက ရဟတ်ကို ရပ်ဖို့ကြိုးစားခဲ့ပြီး မိန်းကလေးကို ဆေးရုံပို့ခဲ့ကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရှိရပါ။

20 Jun 2019     1,360 Views




RELATED

Most Popular of Special or Others

Most Popular of NEWS