BEC-TERO TV

အီးစီကရက်(ဗိတ်ဗ်) သောက်နေရင်း ပါးစပ်ထဲမှာ ပေါက်ကွဲထွက်

20 Jun 2019     1,589 Views


Vape လို့ လူသိများတဲ့ e-cigarettes တွေဟာ အခုဆိုရင် လူငယ်တွေကြားမှာ ပေါ်ပြူလာဖြစ်နေပါတယ်။ စတိုင်တစ်ခုအနေနဲ့ရော ဆေးလိပ်အစားထိုးအနေနဲ့ပါ သောက်သုံးကြတဲ့ လျှပ်စစ်ပစ္စည်း Vape တွေရဲ့ မတော်တဆမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။
 
လတ်တလော သတင်းအရ အမေရိကန်နိုင်ငံမှ အသက် ၁၇ နှစ်အရွယ် ‘အော်စတင်’ ဆိုတဲ့ လူငယ်ဟာ Vape သောက်နေရင်း ပေါက်ကွဲမှုဖြစ်တာကြောင့် သူ့ရဲ့ခံတွင်းထဲမှာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေရရှိခဲ့ပါတယ်။ သူဟာဆေးလိပ် ဖြတ်ချင်တာကြောင့် မိခင်ဖြစ်သူကို VGOD ဆိုတဲ့ ကုမ္ပဏီကထုတ်တဲ့ Vape ဝယ်ခိုင်းခဲ့ပါတယ်။
 
တစ်ရက်မှာတော့ “အော်စတင်’ က Vape သောက်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး သူ့ရဲ့ ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ထားရင်း မိခင်ဆီကို ပြေးလာပါတယ်၊ စကားလည်း မပြောနိုင်လို့ မိခင်က အလွန်ထိတ်လန့်သွားခဲ့ပါတယ်။
 
 
ဆေးရုံကို အရေးပေါ်ရောက်သွားခဲ့ပြီး ဆရာဝန်တွေရဲ့ စစ်ဆေးမှုအပြီးမှာတော့ ‘အော်စတင်’ ရဲ့ သွားဖုံးနေရာ အကြီးကြီး ပဲ့သွားပြီး မေးရိုးလည်း ထိခိုက်သွားခဲ့ပါတယ်။ သွားတွေလည်း ပြုတ်ထွက်သွားကြောင်း ဆရာဝန်တွေက စကန်ဖတ်အပြီးမှာ တွေ့ခဲ့ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းမှာလဲ ပေါက်ကွဲမှုကြောင့် ညိုမဲသွားခဲ့ပါတယ်။ သူ့ရဲ့ ခံတွင်းနဲ့ သွားတွေကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်ကုသပေးရန် ဆရာဝန်တွေ နည်းလမ်းရှာကြရဦးမှာဖြစ်ပါတယ်။
 
 
ဒါကြောင့်မို့ Vape သောက်သူတွေအနေနဲ့ စျေးသက်သာတဲ့ ပစ္စည်းအမျိုးအစားတွေ မဝယ်ပဲ စိတ်ချယုံကြည်ရပြီး အာမခံရှိတဲ့ အမျိုးအစားကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အချို့သော စျေးပေါတဲ့ Vape တွေဟာ အရည်အသွေး စစ်ဆေးတာမျိုးမလုပ်ပဲ စျေးကွက်ထဲမှာ တိုက်ရိုက်ရောင်းချတာမျိုးတွေ ရှိနေပါတယ်။

20 Jun 2019     1,589 Views




RELATED

Most Popular of Special or Others

Most Popular of NEWS