BEC-TERO TV

အာဆင်နယ် ပစ်မှတ် ဖရေဆာကို ဘုန်းမောက်အသင်းက ပေါင် (၂၅)သန်းအထက်ရမှရောင်းမယ်

20 Jun 2019     1,301 Views


အာဆင်နယ်အသင်းမှ စိတ်ဝင်စားနေတဲ့ ဘုန်းမောက် တောင်ပံကစားသမား ဖရေဆာ အတွက် ဘုန်းမောက်အသင်းက ပြောင်းရွေ့ ကြေး ပေါင် (၂၅) သန်းအထက် အလိုရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်း၏ အပြောင်းအရွေ့ စရိတ်ဟာ အကန့်အသတ်နဲ့သာ ရရှိထာတာကြောင့် ဈေးသက်သက်သာသာနဲ့ ရရှိမည့် ဖရေဆာဘက် ကိုခေါင်းလှည့်လာခဲ့ခြင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပဲ့လေ့စ်အသင်းက ဇာဟာကို အလိုရှိပေမယ့် ပြောင်းရွေ့ ကြေးမြင့်မားနေတာကြောင့် လက်လျှော့ခဲ့ရပြီး အခြားကစားသမားတွေဘက်ကို ဦးတည်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဖရေဆာကို ဘုန်းမောက်အသင်းက ပေါင် (၂၅) သန်းသတ်မှတ်လိုက်တာကြောင့် အာဆင်နယ်အတွက် အဟန့်အတား ဖြစ်သွားစေနိုင်ပါတယ်။ အာဆင်နယ်အသင်းက နောက်နှစ် နွေရာသီအသုံးစရိတ်အတွက် ပေါင် ၄၅ သန်းသာ ရရှိထားတာဖြစ်ပါတယ်။

ဖရေဆာဟာ အဘာဒင်းအသင်းမှ ဘုန်းမောက်အသင်းကို ပြောင်းရွေ့ လာခဲ့တာဖြစ်ပြီး သူ့ ကိုရောင်းချပါက အဘာဒင်းက ၂၀ % ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းမောက်အသင်းက သူတို့လည်း အကျိုးအမြတ်ပိုရရှိစေလိုတဲ့အတွက် ပေါင် ၂၅ သန်းအထက်အလိုရှိတယ်လို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဖရေဆာဟာ ဘုန်းမောက်အသင်းနှင့် စာချုပ်သက်တမ်း ၁ နှစ်ခန်သာ ကျန်ရှိနေတော့တာဖြစ်ပြီး နောက်နှစ်ဆိုရင် ဘုန်းမောက်အသင်းက အလွတ်ဖြင့် လက်လွတ်လိုက်ရမှာဖြစ်ပါတယ်။ ဖရေဆာဟာ ပြီးခဲ့တဲ့ရာသီမှာ ဘုန်းမောက်အသင်းအတွက် အထူးခြေစွမ်းပြကစားခဲ့ပြီး ဂိုးဖန်တီးမှု (၁၃) ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။


20 Jun 2019     1,301 Views




RELATED

Most Popular of Football

Most Popular of Sport