BEC-TERO TV

အမေရိကန် မောင်းသူမဲ့စပိုင်လေယာဉ်အား အီရန်ပစ်ချ၊ ထရမ့် တုံ့ပြန်သွားမည်

21 Jun 2019     1,401 Views


အမေရိကန်လေစစ်တပ်ပိုင် ဒေါ်လာသန်း ၁၈၀ တန် စပိုင်ဒရုန်းလေယာဉ် RQ-4A Global Hawk ကို အီရန်တို့က သူ့တို့ရဲ့ ဝေဟင်ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာသည်ဟု ဆိုကာ ကြာသပတေးနေ့(မနေ့)က ပစ်ချခဲ့တာကြောင့် ပျက်ကျသွားခဲ့ပါတယ်။
 
 
အမေရိကန်ဘက်ကတော့ ဒရုန်းလေယာဉ်ဟာ အပြည်ပြည်ဆိုင်ရာ ဝေဟင်ပိုင်နက်ထဲ ပျံသန်းနေစဉ် ပစ်ချခံခဲ့ရခြင်းသာ ဖြစ်ကြောင်း လေကြောင်းကျူးကျော်မှုမရှိဟု ပြန်လည်ငြင်းဆန်ထားသည်။ ဒရုန်းလေယာဉ် ပစ်ချခံခဲ့ရမှုနဲ့ ပက်သက်ပြီး “အီရန်အနေနဲ့ အမှားကြီးတစ်ခု ကျူးလွန်လိုက်တာပဲ” ဟု သမ္မတဒေါမနယ်ထရမ့် က သူ့ရဲ့ တွစ်တာမှာ ရေးသားပြောဆိုလိုက်ပါတယ်။
 
 
တရမ့်အနေနဲ့ ဒီဖြစ်စဉ်အပေါ် ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ အစီစဉ်ကို ချက်ခြင်းမပြောနိုင်သေးပေမယ့် အခုလိုဖြစ်ရတာ မတော်တဆမှုကြောင့် ထင်တယ်လို့ သူယုံကြည်ပါကြောင်း၊ အီရန်အစိုးရအနေနဲ့ အခုလိုပစ်ချဖို့ အမိန်းပေးမှာ မဟုတ်လောက်ဘူးဟု သတင်းထောက်များနဲ့ တွေ့ဆုံစဉ် ဖြေကြားခဲ့ပါတယ်။
 
 
ခင်များတို့သိတဲ့အတိုင်းပဲလေ ကျွန်တော်တို့က စကားသိပ်များများ ပြောမှာမဟုတ်ဘူး၊ စောင့်ကြည့်ကြပေါ့” ဟု စစ်ပွဲဖြစ်နိုင်ချေရှိလောက်တဲ့ လေသံနဲ့ ပြောကြားခဲ့ပါတယ်။ 
“လျော့တိလျော့ရဲနဲ့ တော်တော်အသုံးမကျတာပဲ” ဟု လေယာဉ်ပြစ်ချခဲ့သူတွေအပေါ် ထရမ့်က စိတ်ပျက်စွာ ပြစ်တင်ပြောဆိုလိုက်ပြီး တစ်ယောက်ယောက်က အသိဉာဏ်နုံနဲ့ပြီး ကျူးလွန်ခဲ့တဲ့ အမှားကြီးကြောင့် သူအနေနဲ့ တော်တော်ကြီး ခံစားနေရတယ်လို့လည်း ဆိုပါတယ်။
 
 
ဒီလေယာဉ်ပေါ်မှာ လူတစ်ယောက်မှ ပါမသွားဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်အနေနဲ့ အခုလို တိုက်ခိုက်ခံရမှုပေါ် မဖြေရှင်းပဲ ဒီတိုင်းထားလိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ 
 
ဒီအဖြစ်အပျက်ပေါ် နိုင်ငံတကာက ခေါင်းဆောင်တွေက ချက်ခြင်းသုံးသပ်ဝေဖန်တာမျိုးတွေ မရှိသေးပါဘူး၊ ဒါပေမယ့် ရုရှားသမ္မတ ဗလာတီမာပူတင်ကတော့ “အနည်းဆုံးတော့ အထိနာသွားကြမှာပဲ” လို့ အမေရိကန်ကို ထိပ်တိုက်ပြောဆိုလိုက်ပါတယ်။
 
 
အီရန်နိုင်ငံဘက်ကတော့ သူတို့ရဲ့ လေပိုင်နက်ထဲဝင်လာတဲ့အတွက် ပစ်ချလိုက်တာပါ၊ စစ်ဖြစ်ချင်တယ်ဆိုလဲ အဆင်သင့်ပါပဲလို့ အမေရိကန်ကို တုံ့ပြန်လိုက်ပါတယ်။
 
ထရမ့်ကတော့ သူ့အနေနဲ့ စစ်ရေးအရ အရေးယူမှာမဟုတ်ဘူးလို့ ပြောခဲ့သလို သူ့ရဲ့အကြံပေးအရာရှိတွေကလည်း စစ်ဖြစ်ဖို့ မတိုက်တွန်းဘူးလို့ ပြောကြားခဲ့ပါတယ်။
ကိစ္စတွေအတော်များများက ဆန့်ကျင်ဘက်တွေဖြစ်နေကြတယ်၊ ဒါပေမယ့် ကျွန်တော်ပြောချင်တာက ဒီလိုမပြီးနိုင်မဆီးနိုင်တဲ့ စစ်ပွဲတွေကို ကျွန်တော်တော့ အဆုံးသတ်ချင်နေပြီ၊ ဒီကိစ္စကို လှုံ့ဆော်စည်းရုံးသွားမှာပါ” ဟု အာဖဂန်နစ်စတန်၊ အီရတ် နဲ့ ဆီးရီးယားနိုင်ငံတွေကနေ အမေရိကန်စစ်တပ်တွေကို ပြန်လည်လျှော့ချခဲ့တဲ့ကိစ္စတွေကို သက်သေထူပြီးပြောကြားခဲ့ပါတယ်။
 
သတင်းထောက်များနဲ့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ အမေရိကန်အနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ချိပ်ဆက်ပြီး အဖြေရှာသွားမှာဖြစ်ကြောင်း၊ တတ်နိုင်သမျှ စစ်ပွဲတွေမဖြစ်အောင် လျှော့ချသွားဖို့ ဆုံးဖြတ်ထားကြောင်း၊ ဒီကိစ္စဟာ အန္တရာယ်ကြီးပြီး တင်းမာမှု အမြင့်ဆုံးဖြစ်တဲ့အတွက် အမေရိကန်အနေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ နည်းဗျူဟာနဲ့ ထိခိုက်ပျက်ဆီးမှု နည်းနိုင်သမျှနည်းတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
 
 
အမေရိကန်တို့ရဲ့ ဒရုန်းလေယာဉ်ကို လေပိုင်နက်ထဲ ကျူးကျော်လာတာနဲ့ တစ်ပြိုင်နက် မဆိုင်းမတွပစ်ချလိုက်တာဟာ အီရန် နဲ့ အမေရိကန်တို့ရဲ့ တင်းမာမှုကို လက်တွေ့ပြလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း ရေနံတင်သင်္ဘော နှစ်စင်းကို အီရန်တို့က ရေမြုတ်မိုင်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ 
 
 
ဆီတင်သင်္ဘောတွေတိုက်ခိုက်ခံခဲ့ရတာနဲ့ ပက်သက်ပြီး ဆော်ဒီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir က အီရန်ဟာ အမေရိကန်နဲ့သာမက နိုင်ငံတစ်ကာနဲ့ တင်းမာမှုတွေဖြစ်လာအောင် ဖန်တီးတာနဲ့ တူတယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ဆီဖြန့်ဖြူးမှုမှာ ဆီတင်သင်္ဘောတွေရဲ့ အခန်းကဏ္ဍက နံပါတ် ၅ နေရာမှာ ရှိတဲ့အတွက် တစ်ကမ္ဘာလုံးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ် ပြောဆိုခဲ့ပါတယ်။ 
 
အပြည်ပြည်ဆိုင်ရာကို တင်ပို့နေတဲ့ ဆီသင်္ဘောလိုင်းတွေကို နှောက်ယှက်နေမယ်ဆိုရင် ဆီဈေးမတည်မငြိမ်ဖြစ်လာပြီး ကမ္ဘာ့စီပွားရေးကိုပါ ထိခိုက်ရိုက်ခတ်လာနိုင်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
 
 
အီရန်နိုင်ငံနဲ့ နှစ်ပေါင်းများစွာထဲက မဟာမိတ်ဖြစ်ထားတဲ့ ရုရှားကတော့ အမေရိကန်တို့အနေနဲ့ အီရန်နဲ့ ပြဿနာဖြစ်ပါက ဒုက္ခဖြစ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

21 Jun 2019     1,401 Views




RELATED

Most Popular of International News

Most Popular of NEWS