BEC-TERO TV

ဟိုတယ်တွင်းမှာ ညစ်ညမ်းဗီဒီယို ရိုက်ကူးခဲ့တဲ့အတွက်ကြောင့် အရေးယူခံရတော့မယ် လင်းဂတ်

21 Jun 2019     1,443 Views


မန်ယူအသင်းကွင်လယ်လူ ဂျက်စီလင်ဂတ်ဟာ ဟိုတယ်အတွင်းမှာ အပေါင်းအဖော်တွေနဲ့ ရောက်ခဲ့ချိန်မှာ ညစ်ညမ်းဗီဒီယိုကို ရိုက်ကူးပြီး တွစ်တာစာမျက်နှာမှာ တင်ခဲ့တဲ့အတွက်ကြောင့် ကလပ်အသင်းဘက်က သူကို့ ပြင်းပြင်းထန်ထန် အရေးယူဖို့ လုပ်ဆောင်နေပြီလို့သိရပါတယ်။

လက်ဂတ်ဟာ အမေရိကန်နိုင်ငံမှာ သူငယ်ချင်းတွေနဲ့ ရောက်ရှိနေပြီး အဆင့်မြင့်ဟိုတယ် တစ်ခုအတွင်းမှာ တစ်ခန်းစီ အနားယူခဲ့ကြပါတယ်။ ဟိုတယ်ကနေ ပြန်အထွက်မှာ လင်းဂတ်ဟာ သူငယ်ချင်းတွေကို လှောင်ပြောင်တဲ့အနေနဲ့ တစ်ခန်းဝင်တစ်ခန်းထွက် ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ ထို့နောက် ဆိုရှယ် မီဒီယာ တွက်တာမှာ တင်ခဲ့တာကြောင့် မန်ယူနည်းပြ ဆိုးရှားလ်ဟာ ဒေါသတကြီး ပေါက်ကွဲခဲ့တယ်လို့ သိရပြီး လင်းဂတ်ကို အရေးယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်ရှိတဲ့ လင်းဂတ်ဟာ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းမပြနိုင်ခဲ့ဘဲ ကွင်းပြင်ပကိစ္စတွေမှာ အနေအထိုင်မဆင်ခြင်မှုတွေကြောင့် အဝေဖန်ခံနေရသူပါ။ သူရဲ့ လုပ်ရပ်ကို အသင်းအမာခံ ပရိတ်သတ်တွေကလည်း ရှုံချခဲ့ပြီး အသင်းမှရောင်းထုတ်ပစ်ဖို့အထိအောင် တောင်းဆိုမှုတွေရှိနေပါတယ်။

မန်ယူအသင်းက လင်းဂတ်ကို လစာတိုးမြင့်ပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေချိန်မှာ အခုလို့ အနေထိုင်မဆင်ခြင်တဲ့ လုပ်ရပ်တွေကြောင့် စာချုပ်အပေါ် ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။

 


21 Jun 2019     1,443 Views




RELATED

Most Popular of Football

Most Popular of Sport