BEC-TERO TV

ချဲလ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာတဲ့ အပြာရောင်တပ်သားဟောင်း ပီတာချက်

21 Jun 2019     1,317 Views


ချဲလ်ဆီးအသင်းဟာ အသင်းဂိုးသမားဟောင်း ပီတာချက်ကို နည်းစနစ်ပိုင်း နှင့် အကြံပေး ဒါရိုက်တာအဖြစ် ခန်အပ်ခဲ့တယ်လို့ သိရပါတယ်။ ပီတာချက်ဟာ ချဲလ်ဆီးအသင်းမှာ ဆုဖလားများစွာကို ရရှိထားဖူးပြီး အသင်း၏ လီဂျန့်တစ်ဦးဖြစ်ပါတယ်။

အသက် (၃၇) နှစ်အရွယ် ပီတာချက်ဟာ ချဲလ်ဆီးအသင်းမှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၁ နှစ်တာကစားခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ အာဆင်နယ်အသင်းကို ပြောင်းရွေ့ ကစားခဲ့ပါတယ်။ အာဆယ်နယ်အသင်းမှာ ၄ နှစ်ကြားကစားခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။

ပီတာချက်၏ နောက်ဆုံးကစားတဲ့ပွဲဟာ အသင်းဟောင်းချဲလ်ဆီးအသင်းနဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ တွေ့ ဆုံခဲ့ပြီး ချဲလ်ဆီးအသင်းက အာဆင်နယ်အသင်းကို ၄-၁ ဖြင့်အနိုင်ယူကာ ယူရိုပါလိဂ်ဖလားကို ဆွပ်ခူးသွားနိုင်ခဲ့ပါတယ်။အဆိုပါ ပွဲဟာ ပီတာချက်အတွက် အမှတ်တရဖြစ်စေမယ့် ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ယခု ချဲလ်ဆီးအသင်းကို ပြန်လာကာ နည်းစနစ်ပိုင်း နှင့် အကြံပေး ဒါရိုက်တာအဖြစ် ဆောင်ရွတ်သွားမှာဖြစ်ပါတယ်။

ပီတာချက်ဟာ ချယ်လ်ဆီးအသင်းမှာ အသင်းဒါရိုက်တာဖြစ်သူ ဂရန်နော့ဗ်စကီယာနှင့် ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ပြီး အသင်းကစားသမားများ၏စွမ်းဆောင်မှု၊ အကယ်ဒမီကစားသမားများ၏ စွမ်းဆောင်မှုများကို လေ့လာအကြံပေးဖို့အတွက် ဆောင်ရွတ်သွားမှာဖြစ်ပါတယ်။

ပီတာချက်က "ချယ်လ်ဆီးအသင်းကို ပြန်လာခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ဒါက အခွင့်အလမ်းတစ်ခုလို့လည်း ကျွန်တော် မှတ်ယူပါတယ်။ စိန်ခေါ်မှုသစ်တွေအတွက်လည်း ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ရဲ့ ဘောလုံးအတွေ့အကြုံတွေကို အသုံးချပြီး အသင်းအောင်မြင်ရေးအတွက် ကူညီပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့ပါတယ်။


21 Jun 2019     1,317 Views




RELATED

Most Popular of Football

Most Popular of Sport