BEC-TERO TV

လေယာဉ်ပေါ်ပါသူ အားလုံးပျောက်ဆုံးသွားပြီး တစ်ဦးကျန်ခဲ့သည့် အဖြစ်ဆိုးကြုံတွေ့ခဲ့ရသူ

24 Jun 2019     1,457 Views


လေယာဉ်ခရီးစဉ်အတွင်း လိုက်ပါလာစဉ် အိပ်ပျော်သွားခဲ့ရာမှ ပြန်နိုးလာချိန်တွင် လေယာဉ်ပေါ်ပါလာသူအားလုံး ပျောက်ဆုံးသွားပြီး လေယာဉ်ပေါ်မှာ တစ်ဦးထဲသာ ကျန်ခဲ့တဲ့ အိမ်မက်ဆန်တဲ့ ထိတ်လန့်ဖွယ်ရာ အဖြစ်ပျက်တစ်ခု ကနေဒါလေကြောင်းလိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
 
ဇွန်လ ၉ ရက်နေ့က မိနစ် ၉၀ ကြာမြင့်သည့် ပြည်တွင်းခရီးစဉ်အဖြစ် ကနေဒါနိုင်ငံ ကွီဘက်မြို့ကနေ တိုရန်တိုမြို့ကို “အဒမ်စ်” ဟု အမည်ရတဲ့ ခရီးသည်အမျိုးသမီးကြီး တစ်ဦးလည်း လိုက်ပါလာလဲ့ပါတယ်။ လေယာဉ်ဟာ သူမအပါအဝင် အခြားခရီးသည်အချို့သာ ပါရှိတဲ့အတွက် ချောင်ချိနေပါတယ်။ 
 
 
လေယာဉ်ပျံသန်းပြီး သိပ်မကြာခင်မှာ သူမအိပ်ပျော်သွားခဲ့ပါတယ်။ ရုတ်တရက် သူမပြန်နိုးလာချိန်မှာတော့ လေယာဉ်တစ်ခုလုံး မှောင်မည်းနေပြီး လူတွေလည်း တစ်ယောက်မှမရှိတော့ပါဘူး။ လေယာဉ်ဟာ ခရီးစဉ်ဆုံးလို့ ဆင်းသက်ခဲ့ပြီး လေဆိပ်ပင်မဆောင်နဲ့ ခပ်လှမ်းလှမ်းက ရပ်နားစခန်းမှာ ရပ်နားထားခဲ့တာဖြစ်ပါတယ်။
 
အဲဒီအခိုက်အတန့်က သူမအတွက် တစ်ကယ့်အိမ်မက်ဆိုးကြီးဖြစ်ကြောင်း ‘အဒမ်စ်’ က သူမရဲ့ ဖေ့စ်ဘွခ်ပေါ်မှာ အတွေ့အကြုံတွေကို ပြန်လည် မျှဝေခဲ့ပါတယ်။
ထိုအချိန်မှာ သူမရဲ့ ဖုန်းက ဘက်ထရီလည်းအားကုန်နေတဲ့ အတွက် ဘက်ထရီအားသွင်းဖို့ USB ပေါက်တွေ မှောင်ထဲမှာ လိုက်ရှာခဲ့ပါတယ်။ တွေ့ပြန်တော့လည်း လေယာဉ်က စက်သတ်ရပ်နားထားတာဖြစ်လို့ အားသွင်းလို့ မရပြန်ပါဘူး။
 
လေယာဉ်ကြီးထဲမှာ ရှေ့နောက်ပြေးလွှားပြီး ဘယ်လိုထွက်ရမလဲဆိုတာ အကြံထုတ်ခဲ့ရပါတယ်။ က့ကောင်းချင်တော့ လေယာဉ်ရဲ့ အရှေ့ပိုင်းမှာ လက်နှိပ်ဓါတ်မီးတစ်ခုကို တွေ့ခဲ့ပါတယ်။ လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး လေယာဉ်တံခါးကိုဖွင့်ဖို့အတွက် လူကိုယ်တိုင်ဖွင့်နိုင်တဲ့ အညွန်းတွေကိုဖတ်ပြီး နောက်ဆုံးမှာ တံခါးဖွင့်နိုင်ခဲ့ပါတယ်။
လေယာဉ်တံခါးဝကနေ ကြည့်လိုက်တဲ့အခါ လေယာဉ်က လူသူအသွားအလာပြတ်ပြီး လေဆိပ်အဆောက်အုံနဲ့ လှမ်းတဲ့ နေရာမှာ ရပ်ထားတာကို သိလိုက်ရပါတယ်။ အောက်ဆင်းဖို့အတွက်တော့ လေယာဉ်အပေါ်နဲ့ မြေပြင်ဟာ ပေ ၅၀ လောက်ကွာနေတာကြောင့် ကြိုးနဲ့တွဘ်ဆင်းဖို့ ကြိုးလိုက်ရှာခဲ့ပါတယ်။
 
လေယာဉ်မယ်တွေရဲ့ ထိုင်ခုံနေရာမှာ ခါးပတ်ကြိုးအပို တွေ့ခဲ့ရပေမယ့် ကြိုးက တိုလွန်းနေတာကြောင့် အလုပ်မဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လေယာဉ်တံခါးပေါက်ဝကနေ လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်ပိတ်လိုက်နဲ့ ကစားရင်း တစ်ယောက်ယောက်မြင်သွားဖို့ကိုသာ မျှော်လင့်နေခဲ့ရပါတယ်။
 
ကံကောင်းထောက်မစွာနဲ့ ခရီးဆောင်အိပ်သယ်ကား မောင်းတဲ့ ဒရိုင်ဘာက ခပ်လှမ်းလှမ်းကနေ အချက်ပြမီးကို တွေ့ခဲ့တာကြောင့် လေယာဉ်ကြီးဆီ မောင်းလာခဲ့ပါတယ်။ လေယာဉ်တံခါးဝမှာ အမျိုးသမီးတစ်ဦး ဖြစ်နေတာကိုတွေ့ရတော့ အရမ်းကို အံ့သြသွားခဲ့ပါတယ်။ အဲဒီနောက် လှေကားတစ်စင်းကို ရှာပေးပြီးမှ အမျိုးသမီးကြီးကို ပင်မလေဆိပ်အဆောင်ကို ပြန်လည်ပို့ပေးနိုင်ခဲ့ပါတယ်။
 
 
လေယာဉ်ခရီးစဉ်အဆုံးမှာ ခုံထောင့်လေးမှာ အိပ်ပျော်နေတဲ့ သူမကို လေယာဉ်အမှူထမ်းတွေ မမြင်ပဲ လေယာဉ်ပေါ်မှာ တစ်ယောက်ထဲ ချန်ရစ်ထားခဲ့သလို ဖြစ်ခဲ့တာပါ။
လေဆိပ်ထဲပြန်ရောက်တဲ့အခါ ကနေဒါလေကြောင်းလိုင်းက တာဝန်ရှိသူတွေ လာရောက်တောင်းပန်ပြီး ဇိမ်ခံကားကြီးနဲ့ အိမ်ထိရောက်အောင် ပြန်လိုက်ပို့ပေးခဲ့ကြပါတယ်။
 
 
နောက်ရက်မှာလည်း လေကြောင်းလိုင်းက နှစ်ကြိမ်လောက် ဖုန်းနဲ့ဆက်သွယ်ပြီး အထပ်ထပ်တောင်းပန်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက် လူမှုကွန်ယက်ပေါ် ပျံ့နှံ့သွားခဲ့ပြီး ကနေဒါလေကြောင်းလိုင်းကလည်း ဒီဖြစ်စဉ်မှန်ကန်ကြောင်း ဝန်ခံခဲ့ပါတယ်။

24 Jun 2019     1,457 Views




RELATED

Most Popular of International News

Most Popular of NEWS