BEC-TERO TV

ကလေးကို သေမင်းလက်ကနေ လက်မတင်လေး ကယ်နိုင်လိုက်တဲ့ မိခင် (ရုပ်သံ)

24 Jun 2019     1,412 Views


မိခင်တွေရဲ့ သားသမီးငယ်လေးတွေအပေါ် မှာ စက္ကန့်မလပ် အန္တရာယ်ကင်းအောင် စောင့်ရှောက်နေတဲ့ စိတ်က ထူးဆန်းလွန်းပါတယ်။ မလေးရှားနိုင်ငံရဲ့ ရုံးခန်းအထပ်မြင့် အဆောက်အဦးတစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ ရင်ထိတ်စရာ ရုပ်သံက သားသမီးတွေနဲ့ ပက်သက်လာရင်  မိခင်တွေရဲ့ နိုးကြားစိတ်နဲ့ လျှင်မြန်ဖျတ်လတ်မှုကို အံသြစရာကောင်းလောက်အောင် တွေ့မြင်ခဲ့ရပါတယ်။
 
ရုပ်သံမှာ ဓါတ်လှေကားထဲကနေ အသက် ၂ နှစ် ၃ နှစ်ဝန်းကျင် ကလေးနဲ့ မိခင်တို့ သားအမိနှစ်ယောက် အတူတူထွက်လာကြပြီး ရုံးခန်းအပေါက်ဝမှာ ရပ်စောင့်နေစဉ် မိခင်က ဖုန်းပြောနေပါတယ်။ အဲဒီအချိန်မှာ ကလေးက မပြောမဆိုနဲ့ အရေးပေါ် လှေကား အကာလက်ရန်း နားကို ထွက်သွားခဲ့ပါတယ်။ လက်ရန်းက အကာတွေ ကျိုးနေတဲ့အတွက် အပေါက်ကြီးဖြစ်နေပြီး ကလေးက ငုံကြည့်စဉ်အားလွန်ပြီး ဦးခေါင်းစိုက်ကာ ပြုတ်ကျသွားခဲ့ပါတယ်။
 
ဒီအချိန်မှာ တစ်ဖက်ကသာ ဖုန်းပြောနေပေမယ့် ကလေးဆီမှာပဲ အားရုံစိုက်ထားတဲ့ မိခင်က အပြေးအလွှားသွားပြီး ကလေးကို ရတဲ့နေရာက ဖမ်းဆွဲလိုက်ရာ ကလေးရဲ့ ခြေဖျားလေးကို ဆွဲထားနိုင်ခဲ့ပါတယ်။ အဖြစ်အပျက်ကြောင့် ရုံးထဲက အမျိုးသမီးတွေ ထိတ်ထိတ်ပျာပျာနဲ့ ထွက်လာပြီး ကလေးကို ဝိုင်းဝန်းကူညီ ဆွဲတင်ခဲ့ပါတယ်။
 
 
မိခင်သာ နောက်ထပ် စက္ကန့်ဝက်လောက် နောက်ကျသွားမယ်ဆိုရင် ကလေးရဲ့ အဖြစ်က မတွေ့ဝံ့တော့ပါဘူး။ ဒီအဖြစ်ပျက်ဟာ ကာယကံရှင်တွေကိုသာမက ရုပ်သံကြည့်ရှုရတဲ့ လူတိုင်းကို သည်းထိတ်ရင်ဖိုနဲ့ ခြေဖျားလက်ဖျားတွေတောင် အေးစေခဲ့ပါတယ်။ အဆိုပါရုပ်သံ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး မိခင်ဖြစ်သူကို အားလုံးက ဝိုင်းဝန်းချီးကျူးနေကြပါတယ်။
 

24 Jun 2019     1,412 Views




RELATED

Most Popular of Special or Others

Most Popular of NEWS