BEC-TERO TV

ကာတာအသင်းကို အနိုင်ရပြီးနောက် ပြိုင်ပွဲက အခုမှစတာလို့ ကြုံးဝါးလိုက်တဲ့ မက်စီ

24 Jun 2019     1,306 Views


အာဂျင်တီးနားအသင်းဟာ ကာတာအသင်းကို အနိုင်ရရှိပြီးနောက် ကိုပါအမေရိက ပြိုင်ပွဲမှာ ကွာတားအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး အာဂျင်တီနားအသင်းခေါင်းဆောင် လီယွန်နယ်မက်စီက ချန်ပီယံဆုကို ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အတော်လေး ရုံးကန်ခဲ့ရပြီး အုပ်စုပွဲစဉ်အစမှာ ကိုလံဘီယာအသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ ထို့နောက် ပါရာဂွေးအသင်းကို အနိုင်မယူနိုင်ခဲ့ဘဲ သရေတစ်မှတ်သာ ရရှိနေတဲ့အချိန်မှာ နောက်တစ်ဆင့်အတွက် ခက်ခဲတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ကာတာအသင်းကို အနိုင်ရရှိခဲ့ပြီး ပါရာဂွေးအသင်းက ကိုလံဘီယာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ကွာတားအဆင့်ကို တက်ရောက်နိင်ခဲ့ပါတယ်။

“ကာတာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယုံကြည်မှုတွေ ပြန်ရရှိခဲ့ပါပြီ။ အသင်းအောင်မြင်မှုများရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့တဲ့ အတွက်ကြောင့် ပြိုင်ပွဲက အခုမှ စတယ်လို့ပြောလို့ ရပါတယ် ” လို့ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရီကပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆု (၁၄)ကြိမ်ရယူထားနိုင်ခဲ့ပြီး ဒုတိယမြောက် အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။ ကိုပါအမေရီကပြိုင်ပွဲမှာ ဥရုဂွေးအသင်းက ချန်ပီယံဆု ၁၅ ကြိမ်ရရှိထားပြီး အောင်မြင်မှု အများဆုံးရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လာမည့်ဇွန် (၂၈)ရက်တွင် ဗင်နီဇွဲလားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

 


24 Jun 2019     1,306 Views




RELATED

Most Popular of Football

Most Popular of Sport