BEC-TERO TV

“ကားပေါ်မှာ ပါလာတယ်..ကယ်ကြပါဦး” ဆိုပြီး သရဲခြောက်ခံရတဲ့ (ရုပ်သံ)

24 Jun 2019     1,502 Views


နေ့ခင်းကြောင်တောင် ကားအသွားအလာများတဲ့ လမ်းမကြီးပေါ်မှာ မောင်းနှင်လာတဲ့ ဆလွန်းကားအဖြူရောင်တစ်စီးဟာ ရုတ်တရက် လမ်းဘေး ထိုးရပ်ပြီး ယာဉ်မောင်းဖြစ်တဲ့ အမျိုးသားက “ကယ်ကြပါဦး.. ကားပေါ်မှာ သရဲ..သရဲ” လို့ ကြောက်လန့်တကြား သွေးရူးသွေးတန်း အော်ဟစ်ကာ ကားပြတင်းပေါက်ကနေ ကိုယ်တစ်ပိုင်းထွက်လျှက် ကားခေါင်မိုးကို တစ်ဘုံးဘုံး ထုရိုက်ပြီး အကူအညီတောင်းနေတဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။
 
ဇွန်လ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ဂျာလန်ဒူတ ကားလမ်းမကြီး ဗလီကျောင်းကြီး တစ်ခုနားမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ကြောက်လန့်တကြား အော်နေတဲ့ အမျိုးသားဟာ ကားထဲကနေ တစ်ယောက်ယောက် သူတို့ ဆွဲထားတဲ့ ပုံစံမျိုးဖြစ်နေပြီး အတော်လေးကို သွေးပျက်နေပါတယ်။ ဒီအဖြစ်ပျက်ကြောင့် နောက်က ကားတွေလည်း ပိတ်ကုန်ပါတယ်။ အနီးနားမှာရှိတဲ့ ဆိုင်ကယ်သမားက ကူညီဖို့ရောက်သွားတဲ့အချိန်မှာ ကားတံခါးကို အတင်းတွန်းဖွင့်ပြီး ယာဉ်မောင်းအမျိုးသားက ကားထဲကနေ နောက်ပြန်တိုးထွက်ပြီး ကားပေါ်မှာ သရဲပါလာလို့ ကူညီကြပါလို့ အော်ရင်း သူ့ရဲ့ကားကနေ ဝေးရာကို ထွက်ပြေးသွားခဲ့ပါတယ်။
 
 
 
အဆိုပါရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး လက်တွေ့မြင်လိုက်ရသူတစ်ဦးက “ဟုတ်တယ် သူတစ်ကယ်အရမ်းကြောက်နေတာ မျက်နှာမှာ သွေးပျက်နေတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အချို့ကတော့ စိတ်ရောဂါသည်ဖြစ်နိုင်ကြောင်း ဝင်ရောက်ဆွေးနွေးရေးသား ဝေဖန်ခဲ့ကြပါတယ်။
 
အချို့ကလည်း တစ်ကယ်သရဲခြောက်ခံရတာလဲ ဖြစ်နေုင်ကြောင်း ငါတို့လည်း ဒီလိုကြုံတွေ့မှဖြင့် ဟု ရေးသားခဲ့ကြတာတွေ့ရပါတယ်။ စာဖတ်သူတွေရော အခုလိုအဖြစ်ပျက်မျိုးနဲ့ ကြုံဖူးတယ်ဆိုရင် အတွေ့အကြုံလေးတွေ ဝေမျှရေးသားခဲ့ကြပါဦး။

 


24 Jun 2019     1,502 Views




RELATED

Most Popular of Special or Others

Most Popular of NEWS