BEC-TERO TV

အိမ်နီးချင်းကို မကျေနပ်လို့ သောက်ရေကန်ထဲ အညစ်အကြေးစွန့်ပြီး လက်စားချေ (ရုပ်သံ)

24 Jun 2019     1,287 Views


ထိုင်ဝမ်နိုင်ငံမှ အသက် ၆၉ နှစ်အရွယ် အမျိုးသားကြီး တစ်ဦးဟာ တစ်တိုက်ထဲနေ အိမ်နီးနားချင်းအခန်းနဲ့ ပြဿနာဖြစ်ရာမှာ လက်စားချေတဲ့အနေနဲ့ တစ်တိုက်လုံးက သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုနေတဲ့ တိုက်ခေါင်မိုးပေါ်က ရေတိုင်ကီကြီးထဲကို မစင်စွန့်ခြင်း၊ အပေါ့သွားခြင်း တို့ တစ်နှစ်ကြာခန့် ပြုလုပ်ခဲ့ပြီးမှ ဖမ်းဆီးခံခဲ့ရပါတယ်။
 
‘လင်း’ ဟု အမည်ရတဲ့ အမျိုးသားကြီးဟာ အိမ်နီးချင်းရဲ့ သဘောတူခွင့်ပြုချက်ကို မယူပဲ သူ့သဘောနဲ့သူ တိုက်ခေါင်မိုးပေါ်မှာ တယ်လီဖုန်းကုမ္ပဏီတစ်ခုရဲ့ တာဝါတိုင်တွေ တပ်ဆင်ခြင်းကို ခွင့်ပြုခဲ့ပါတယ်။ အဲဒီကနေ ထိုင်ဝမ်ဒေါ်လာ ၁၂,၀၀၀ (ကျပ်လေးသောင်းကျော်) လစဉ်ပုံမှန် ဝင်ငွေ ရနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီကိစ္စကို အိမ်နီးချင်းက သိသွားပြီး စကားများကြရာမှ ရဲတိုင်ကြားခဲ့တာကြောင့် တာဝါတိုင်တွေ ပြန်ဖြုတ်ပေးခဲ့ရပါတယ်။ 
 
သူ့ရဲ့ လစဉ်ဝင်ငွေလျော့သွားတဲ့အတွက် ‘လင်း’ က အိမ်နီးချင်းကို မကျေမနပ်ဖြစ်ကာ ဘယ်လိုလက်စားချေရမလဲလို့ အမြဲကြံစည် စဉ်းစားနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တိုက်ခေါင်းမိုးပေါ် ညတိုင်းတက်ပြီး အများသုံးနေတဲ့ ရေတိုင်ကီကြီးထဲကို မစင်စွန့်ခြင်း၊ အပေါ့သွားခြင်း၊ ရံဖန်ရန်ခါ တစ်ကိုယ်လုံးဆင်းကာ ရေချိုးတာတွေ လုပ်ခဲ့ပါတယ်။
 
တိုက်မှာနေတဲ့လူတွေက မကြာခဏဆိုသလို ပိုက်ကလာတဲ့ ရေတွေမှာ အနံ့ဆိုးတွေ ရပြီး သောက်သုံးတဲ့အခါမှာလည်း အော်ဂလီဆန်ချင်စရာ ဖြစ်လာတာကြောင့် တိုက်ခန်းအုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။
 
မန်နေဂျာက တိုက်ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ စီစီတီဗီကို ပြန်လည် စစ်ဆေးရာ ‘လင်း’ က ညတိုင်း ရေတိုင်ကီပေါ်တက်သွားပြီး မဖွယ်မရာတွေလုပ်တယ်ဆိုတာကို သိသွားခဲ့ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ် ဇွန်လ ကနေ ၂၀၁၈ ခုနှစ် ဇူလိုင်လထိ ရေကန်ပေါ် လှေကားနဲ့တက်သွားပြီး ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
 
 
ရေတိုင်ကီထဲမှ ရေနမူနာကို ဓါတ်ခွဲခန်းပို့ပြီး စမ်းသပ်ခဲ့ရာ အမိုးနီးယားဓာတ် မြင့်မားစွာ ပါရှိနေတာကို တွေ့ခဲ့ရပါတယ်။ ‘လင်း’ ကို ဖမ်းဆီးမိချိန်မှာတော့ သူက အိမ်နီးနားချင်းဖြစ်သူကို “မင်းတော်တော်ကံကောင်းတာပဲ ဒီရေတွေသောက်ပြီး မသေနိုင်သေးဘူးနော်” လို့ ပြောဆိုခဲ့ပါတယ်။ အမှုကို တရားရုံးတင်ခဲ့ပြီးနောက် ‘လင်း’ အား ထောင်ဒဏ် လပေါင်း ၂၀ နဲ့ ထိုင်ဝမ်ဒေါ်လာ ၁၆၀,၀၀၀ (ကျပ် ၅၈ သိန်းနီးပါး) ဒဏ်ငွေချမှတ်ခဲ့ပါတယ်။

24 Jun 2019     1,287 Views




RELATED

Most Popular of Special or Others

Most Popular of NEWS