BEC-TERO TV

ဇာဟာကို ခေါ်ယူနိင်ဖို့အတွက် ပိုက်ဆံတိုးတောင်းလိုက်တဲ့ အာဆင်နယ် နည်းပြ အမ်မရီ

24 Jun 2019     1,305 Views


နွေရာသီ အပြောင်းအရွေ့ မှာ လူခေါ်ခွင့်အတွက် ပိုက်ဆံ အကန့်အသတ်ဖြင့်သာ ရရှိခဲ့တာကြောင့်  အာဆင်နယ်အသင်းဟာ အခက်တွေ့ နေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အူနှိုင်း အမ်မရီကတော့ ခရစ်စ္စတယ်ပဲလေ့မှ ဇာဟာကိုခေါ်ယူနိင်ဖို့အတွက် ဘုတ်အဖွဲ့ ထံပိုက်ဆံ တိုးတောင်းလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရတာကြောင့် အာဆင်နယ် ဘုတ်အဖွဲ့ ဟာ အပြောင်းအရွေ့ မှာ လူခေါ်ခွင့်အတွက် ပေါင် ၄၅ သန်းသာထုတ်ပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းက အသင်းအဓိက ကစားသမား ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့ ခဲ့တဲ့အတွက်ကြောင့် ပဲ့လေ့စ်မှ တောင်ပံကစားသမား ဇာဟာကို ခေါ်ယူလိုခြင်း ဖြစ်ပါတယ်။

အိုင်ဗရီကိုစ့်လက်ရွေးစင် ဇာဟာ ၏ပေါက်ဈေးဟာ လက်ရှိမှာ ပေါင် ၅၅ သန်းအထိရှိတာကြောင့် လိုအပ်နေတဲ့ ၁၀ သန်းကို တိုးတောင်းခဲ့ခြင်းဖြစ်ပါတယ်။ ဇာဟာဟာ ဥရောပပြိုင်ပွဲကစားချင်တယ်လို့ ဖွင့်ဟ ထားတဲ့ အတွက်ကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရတဲ့ အာဆင်နယ်အသင်းအတွက် ပိုပြီး စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၂၂ နှစ်အရွယ် ဆဲလ်တစ်အသင်းနောက်ခံလူ တိုင်ယာနေးကို ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံရပြီး ဆဲလ်တစ်အသင်းဘက်က အနည်းဆုံး ပေါင် ၂၅ သန်းအလိုရှိနေတယ် လို့သိရပါတယ်။ တိုင်ယာနေး၏ စာချုပ်သက်တမ်းဟာ ၂၀၂၃ အထိ ကျန်ရှိနေတယ်လို့သိရပါတယ်။


24 Jun 2019     1,305 Views




RELATED

Most Popular of Football

Most Popular of Sport