BEC-TERO TV

အမေရိကားမှာ အိမ်ကြီးတစ်လုံးအပြင် ကောင်းကင်မှာပါ စာတန်းထိုပြီး Surprise အလုပ်ခံခဲ့ရတဲ့ စမိုင်းလ်

24 Jun 2019     1,334 Views


အနောက်တိုင်းဆန်တဲ့ မျက်နှာပေါက်နဲ့ ငယ်ရွယ်စဉ်တစ်ချိန်က အနုပညာလောကထဲမှာ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ စမိုင်းလ်ကိုတော့ ပရိသတ်တွေက ဟိုအရင်တစ်ချိန်ကတည်းက အားပေးခဲ့၊ ချစ်ခဲ့ကြတာပါ။ အိမ်ထောင်ကျပြီးနောက် နိုင်ငံခြားမှာအခြေကျရပ်တည်ပြီး အမိမြေကိုပြန်လာချိန်ထိတိုင် ပရိသတ်တွေက သူမကိုမပျယ်သောချစ်ခြင်းများနဲ့ ချစ်နေကြဆဲပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ အရွယ်ရလာသည့်တိုင် တစ်ယောက်နဲ့တစ်ယောက် အချစ်ကြီးချစ်နေကြဆဲဖြစ်သလို အရမ်းကိုရိုဆန်လွန်းတဲ့စုံတွဲဖြစ်တာကြောင့် သူတို့ဇနီးမောင်နှံကို အားလုံးကအားကျနေရတာပါ။ ဒါ့အပြင် အလှူအတန်းပိုင်းမှာလည်း မကြာခဏဆိုသလို ရက်ရက်ရောရောနဲ့ အလှူကြီးငယ်တို့ကို ပြုလုပ်လေ့ရှိတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ ရှိလို့လှူ၊ လှူလို့ရှိဆိုသလို အောင်မြင်တဲ့စီးပွားရေးကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုကမ္ဘာလေးကို ဖန်တီးထားကြသူတွေပါ။

တစ်ယောက်ရဲ့လိုအပ်ချက်တွေကို တစ်ယောက်အမြဲဖြည့်ဆည်းပေးတတ်တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေကို အမြဲအားကျပြီးရင်း အားကျရအောင်လုပ်နေသူတွေပါ။ ဇွန်လ (၂၁) ရက်နေ့မှာကျရောက်ခဲ့တဲ့ မွေးနေ့မှာ စမိုင်းလ်တစ်ယောက်ဟာ သူမရဲ့ခင်ပွန်းဖြစ်သူဆီကနေ အိမ်အကြီးကြီးတစ်လုံးလက်ဆောင်ရခဲ့ပါတယ်။ အိမ်တောင်မှ နယ်နယ်ရရမဟုတ်ပဲ အမေရိကန်နိုင်ငံ LA မြို့မှာရှိတဲ့ အိမ်ကြီးတစ်လုံးကိုမွေးနေ့လက်ဆောင်အဖြစ် ခင်ပွန်းဖြစ်သူဆီမှ ရရှိခဲ့တာဖြစ်ပါတယ်။ ထိုသတင်းဟာ ဖေ့စ်ဘွတ်တစ်ခွင်မှာပျံ့နှံ့ခဲ့ပြီး အကုန်လုံးက ကံကောင်းသူအမျိုးသမီးဖြစ်တဲ့ စမိုင်းလ်ကို အားကျခဲ့ရတာပါ။

ဒါ့အပြင် ခင်ပွန်းဖြစ်သူကိုပြည့်မောင်က LA မြို့ရဲ့ကောင်းကင်ထက်မှာ မွေးနေ့ဆုတောင်းကို စာတန်းထိုးပြီး မိန်းမဖြစ်သူကို ရိုဆန်ဆန် စပရိုက်တိုက်ခဲ့ပါသေးတယ်။ လေယာဉ်ဌားပြီး အမြင့်ပေသောင်းချီတဲ့ ကောင်းကင်ထက်ကနေ သူမတူအောင် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့ စပရိုက်ကြောင့် စမိုင်းလ်တစ်ယောက် ပါးစပ်မစေ့နိုင်အောင် အံ့သြ၀မ်းသာခြင်းများစွာဖြင့် ပြုံးပျော်ခဲ့ရပါတယ်။

ရိုဆန်တတ်တဲ့ ချစ်သူယောကျာ်းလေးကို ပိုင်ဆိုင်ချင်တာကတော့ မိန်းကလေးတိုင်းရဲ့စိတ်ကူးအိပ်မက်ဖြစ်သလို  ထိုသူမျိုးကိုမှ လင်ယောကျာ်းတော်ထားရတဲ့ စမိုင်းလ်ကတော့ မိန်းကလေးတိုင်းရဲ့အားကျခြင်းကိုခံနေရတာဖြစ်ပါတယ်။ စမိုင်းလ်ကတော့ မနှစ်ကသူမရဲ့မွေးနေ့မှာလည်း ခင်ပွန်းဆီက သိန်း (၈၀၀၀) တန် ရိုးရိုက်ကားကြီးကိုလက်ဆောင်ရရှိခဲ့ပြီး မြန်မာပလာဇာမှာ စပရိုက်လုပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း LA မှာရှိတဲ့ အိမ်အကြီးကြီးတစ်လုံးကို လက်ဆောင်ရခဲ့ပြန်တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…

LA မြို့ရဲ့ကောင်းကင်ထက်မှာ မွေးနေ့ဆုတောင်းကိုစာတန်းရေးပြီး စပရိုက်လုပ်ခံခဲ့ရတဲ့ စမိုင်းလ်ရဲ့ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


24 Jun 2019     1,334 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS