BEC-TERO TV

ဂရိနိုင်ငံတွင် အပန်းဖြေခရီးထွက်နေစဉ်အတွင်း ဟိုတယ်ဝန်ထမ်းတွေကို မုန့်ဖိုးပေးခဲ့တဲ့ ရော်နယ်ဒို

25 Jun 2019     1,420 Views


ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အားလပ်ရာမှာ မိသားစုနှင့်အတူ ဂရိနိုင်ငံကို အပန်းဖြေခရီးထွက်ရှိနေတာ ဖြစ်ပါတယ်။ အပန်းဖြေခရီးစဉ်အတွင်း ပုဂ္ဂိုလ်ရေးအတွင်းသတင်းများကို လိုက်လံရယူလေ့ရှိတဲ့ ပါပါရာဇီသတင်းထောက်များ နှောက်ယှက်မှု မပြုလုပ်စေရန် ဟိုတယ်ဝန်ထမ်းများကို ပေါင်(၁၈၀၀၀)ပေး တာဆီးခိုင်းခဲ့တယ် လို့သိရပါတယ်။

ရော်နယ်ဒိုဟာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွတ် ၊သားသမီး(၄) ဦးနဲ့အတူ ဂရိနိုင်ငံ ကြယ်ငါးပွင့်အဆင့်ရှိ Westin Resort ဟိုတယ်တွင် တည်းခိုနေခြင်းဖြစ်ပါတယ်။ ဟိုတယ်အဖိုးခမှာ တစ်ညလျှင် ပေါင်(၇၀၀၀) ပေးရတယ်လို့ သိရပြီး ဂရိနိုငံတွုင် တစ်ပတ်တာအနားယူပြီးနောက် ပြင်သစ်နိုင်ငံကို ဆက်လက်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ နောက်ရာသီမှာ ဂျူဗင်တပ်စ်အသင်းနှင့် ပိုမိုအောင်မြင်မှုရရှိရန်အတွက် အသင်း၏ စီမံခန့်ခွဲမှု ကိစ္စတွေမှာလည်း ပါဝင်ဆောင်ရွတ်နေပါတယ်။ဂျူဗင်တပ်စ် အသင်းနည်းပြသစ် ဆာရီကလည်း တစ်ရာသီအတွင်း ရော်နယ်ဒိုထံမှ ဂိုး(၄၀) လောက်သွင်းယူနိုင်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။

အသက် (၃၄) နှစ်အရွယ ရော်နယ်ဒိုဟာ  ဂျူဗင်တပ်စ် အသင်းနဲ့တူ စီရီအေ နဲ့Cup ဖလားချန်ပီယံဖြစ်ခဲ့ပြီး နိုင်ငံအသင်းနဲ့လည်း နေရှင်းလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။


25 Jun 2019     1,420 Views




RELATED

Most Popular of Football

Most Popular of Sport