BEC-TERO TV

မသန်ပေမယ့် စွမ်းတဲ့အကြောင်း Myanmar’s Got Talent မှာ အလှဆုံးပြသခဲ့သူ

25 Jun 2019     1,847 Views


အသက် ၄၁ နှစ်အရွယ် ကိုမင်းမြတ် ဟာ မော်လမြိုင်မြို့နယ်ထဲက ကတုတ်ရွာ ဇာတိဖြစ်ပါတယ်။ မွေးကတည်းက လက်နှစ်ဖက် မပါခဲ့တဲ့ မသန်းစွမ်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဓါတ်ကျခြင်းအလျဉ်းမရှိပဲ အများနဲ့ တန်းတူ ပညာသင်ကြိုးစားခဲ့ရင်းက သမိုင်းအဓိက ဘာသာရပ်နဲ့ တက္ကသိုလ်က ဘွဲတစ်ခု ရခဲ့သူဖြစ်ပါတယ်။
 
 
ဘွဲ့ရ ဖြစ်ပေမယ့်လည်း ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ ကိုမင်းမြတ် အတွက် အလုပ်အကိုင် အခွင့်အလမ်းက မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။ သူဟာငယ်စဉ်ထဲက လေ့လာဆည်းပူးခဲ့တဲ့ မြန်မာ့ရိုးရာ ခြင်းပညာနဲ့ပဲ အသက်မွေးဖို့ ဆုံးဖြတ်ခဲ့ပြီး ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်အောင်လေ့ကျင့်ခဲ့ရပါတယ်။
အခုဆိုရင်တော့ လက်နှစ်ဖက် မရှိပဲနဲ့ ခြင်းကို မြေပြင်ပေါ် လုံးဝ မကျအောင် အချိန်အကြာကြီးထိ ပုံစံမျိုးစုံ အလှခတ်ပြနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။
 
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည MRTV 4 ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Myanmar’s Got Talent အစီအစဉ်မှာ သူတတ်ကျွမ်းတဲ့ မြန်မာ့ရိုးရာ ခြင်းအလှနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေနဲ့ ဒိုင်တွေအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
 
Myanmar’s Got Talent 2019 ဟာ သူ့အတွက် ဖြစ်လာမလား..?
ဒိုင်လူကြီးတွေထဲမှာ အင်မတန်မှ ပညာစမ်းတတ်တဲ့ “ဦးသီ” ရဲ့ စမ်းသပ်မှုကို အားလုံးအံ့သြသွားအောင် ဘယ်လို အစွမ်းတွေ ပြသွားဦးမလဲဆိုတာ ကိုယ်တိုင် ခံစားကြည့်ရှုစေချင်ပါတယ်။
Myanmar’s Got Talent အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီမှာ MRTV 4 ကနေ ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။
 
 

25 Jun 2019     1,847 Views




RELATED

Most Popular of Myanmar’s Got Talent

Most Popular of Entertainment