BEC-TERO TV

ဘောလုံးမကစားဘဲ ကွင်းထဲတွင်ထိုင်ကာ ဆန္ဒပြခဲ့ကြတဲ့ အာဂျင်တီးနားလိဂ် Play-off ပွဲစဉ်

26 Jun 2019     1,450 Views


အာဂျင်တီးနား တတိယတန်းလိဂ်တစ်ခုမှာ တန်းတက် play-off ပွဲစဉ် တစ်ခုမှာ ကစားသမားတွေဟာ ဘောလုံးမကန်ပဲ ကွင်းထဲတွင် ထိုင်နေခဲ့သည့်အတွက်ကြောင့် ပွဲကိုရပ်နားခဲ့လိုက်ရပါတယ်။ ဖြစ်စဉ်မှာ ဆန်းဂျော့အသင်းဟာ ပထမပိုင်းမှာ သူတို့အသင်းကစားသမားနှစ်ဦးကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်ခဲ့တဲ့ အတွက်ကြောင့် ဒုတိယပိုင်းပြန်စချိန်မှာ  ဒေါသထွက်ပေါက်ကွဲခဲ့ပြီး ကွင်းထဲတွင် ထိုင်နေခဲ့ကြတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဧည့်သည် ဆန်းဂျော့အသင်းကစားသမား ဂါဒီယန် ဟာ  ကွင်းလယ်ဒိုင်ဖြစ်သူ အက်ဒရီယန် ဖရန်ကလင်း ကို စောဒက တက်ခဲ့တဲ့ အတွက်ကြောင့် ထုတ်ပယ်ခဲ့ပါတယ်။ထို့နောက် ဒေးဗစ်ဗဲဒက်စ် ကိုလည်း ၂ ဝါ ၁ နီ နဲ့ထုတ်ပယ်ခဲ့ပါသေးတယ်။ ဒုတိယပိုင်းပြန်စချိန်မှာ ဆန်ဂျော့ ကစားသမားတွေဟာ ငါးမိနစ်ခန့် ပုံမှန်အတိုင်း အဆင်ပြေပြေ ကစားခဲ့ကြပါတယ်။

ထို့နောက် ဆန့်ဂျော့ ကစားသမားတွေဟာ သူတို့အသင်းအပေါ်ကို ဒိုင်လူကြီးက တစ်ဖက်သတ်ဆန်စွာ ဆုံးဖြတ်စေခဲ့တယ်လို့ ယုံကြည်တာကြောင့် ကွင်းထဲတွင်ထိုင်နေပြီး အဆိုပါနေရာမှာငုတ်တုတ်ထိုင် နေခဲ့ပါတယ်။ တစ်ဖက်အသင်းသားတွေက လာထူသော်လည်း ထဖို့ ငြင်းဆန်ခဲ့ပါတယ်။ထို့ကြောင့် ပွဲကို ၁၀ ခန့် ခေတ္တရပ်ဆိုင်းခဲ့ရပြီးနောက် ဒိုင်လူကြီးဟာ ပွဲကိုဖျက်သိမ်းခဲ့ရပါတယ်။

ဆန်းဂျော့အသင်း၏ ဥက္ကဋ္ဌ  ဂတ်စတန်ဆေး က  “ကျွန်တော်တို့ဟာ ကီလိုမီတာ ၁၄၀၀ ကျော် ခရီးနှင်ပြီး လာခဲ့ကြတာဖြစ်ပါတယ်။ ယခုပွဲမှာ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အမှားကြောင့် ၄၅ မိနစ်လောက်နဲ့ ပွဲကိုရပ်နားလိုက်ရတဲ့ အတွက် ဝမ်းနည်းမိပါတယ် ။ ကွင်းလယ်ဒိုင် ဖရန်ကလင်း ကတရားခံပါပဲ ” လို့ပြောကြားခဲ့ပါတယ်။

အဲ့အချိန်မှာ ၁-၀ ဖြင့်အသာရနေတဲ့ အယ်ဗရာဒို အသင်းကို ဒိုင်လူကြီးက အနိုင်သတ်မှတ်ပေးခဲ့ပါတယ်။ ထိုပွဲဟာ play-off ပွဲစဉ်တစ်ပွဲဖြစ်ပြီး နှစ်ကျော့ ကစားရပါတယ်။ ပ-ကျော့ အယ်ဗရာဒို ဘရူနိုအေရီး ရဲ့ Estadio Jose Maria Minella ကွင်းမှာ ကစားခဲ့ကြပြီး နှစ်ဖက်အသင်း ဂိုးမရှိသရေ ကျခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် အယ်ဗရာဒို အသင်းဟာ Nacional B လိဂ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။


26 Jun 2019     1,450 Views




RELATED

Most Popular of Football

Most Popular of Sport