BEC-TERO TV

မြန်မာနိုင်ငံတွင်တရားဝင်မှတ်ပုံတင်သည့်ကုမ္ပဏီ(ငါးသောင်း)ကျော်ရှိလာသော်လည်းအာဆီယံနှင့်ယှဉ်ပါကနောက်ဆုံးရောက်နေ

01 Sep 2015     1,274 Views


မြန်မာနိုင်ငံလက်ရှိအချိန်အထိထိပြည်တွင်းပြည်ပက တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ(ငါးသောင်း)ကျော်အထိရှိလာတယ်ဆိုပေမယ့်အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်အနည်းဆုံးအဆင့်မှာဘဲရှိနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင် MIC ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ကအိမ်နီးချင်းထိုင်းနိုင်ငံ နဲ့ယှဉ်ပါကကုမ္ပဏီအရေအတွက်ဟာအဆ(၂၀)ကျော်အထိနည်းနေသေးပြီးလာအိုနိုင်ငံနဲ့နှိုင်းယှဉ်ရင်တောင်ကုမ္ပဏီပေါင်း(သုံးသောင်း)ကျော်အထိနည်းနေတာတွေရပါတယ်။ဒီလိုတရားဝင်မှတ်ပုံတင်တဲ့ကုမ္ပဏီအရေအတွက်နည်းနေတာဟာမှတ်ပုံတင်လုပ်ထုံးလုပ်နည်းနဲ့ကန့်သတ်ချက်တွေကြောင့်ဖြစ်နေတယ်လို့သိရပါတယ်။ဒါပင်မဲ့လည်း နောက်ပိုင်းဖြေလျှော့ပေးထားတယ်လို့ MIC ရဲ့ညွှန်းရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြော ပါတယ်။ဒေသတွင်းနိုင်ငံတွေရဲ့တရားဝင်ကုမ္ပဏီစာရင်းတွေမှာတော့ ထိုင်းနဲ့မလေးရှားက(၁.၂)သန်းကျော်၊ ကမ္ဘောဒီးယားက(တစ်သိန်းငါးသောင်း)ကျော်၊ ဗီယက်နမ်က(သုံးသိန်း)ကျော် နဲ့လာအိုနိုင်ငံက(ရှစ်သောင်း)ကျော်အထိအသီးသီးရှိနေပါ တယ်။လက်ရှိစာရင်းတွေအရပြည်တွင်းကုမ္ပဏီ(လေးသောင်းခွဲ)ကျော်နဲ့ပြည်ပကုမ္ပဏီ (၄၅၀၀)ကျော်ရှိပြီး(၁၉၈၈)ခုနှစ်ကနေ(၂၀၁၁)ခုနှစ်အတွင်းမှာတော့ပြည်တွင်းပကုမ္ပဏီ ပေါင်း(နှစ်သောင်း)ကျော်ထိသာရှိခဲ့ပါတယ်။


01 Sep 2015     1,274 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS