BEC-TERO TV

ကြာရှည်ခိုင်မြဲတဲ့ Relationship တစ်ခုဖြစ်လာဖို့အတွက် ထားရှိသင့်တဲ့ စိတ်ထားများ

28 Jun 2019     1,580 Views


ချစ်သူ ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်နဲ့ ကြာရှည်ခိုင်မြဲတဲ့  Relationship  တစ်ခုတည်ဆောင်မယ်ဆိုရင် တစ်ယောက်အပေါ်တစ်ယောက် သဘောထားကြီးခြင်  ၊ သိုဝှက်ခြင်းမရှိပဲ တစ်ယောက်နဲ့ တစ်ယောက် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသင့်ပါတယ်။ ချစ်လို့လက်တွဲလာခဲ့ကြပြီးမှ ၆ လ ၊ တစ်နှစ် နဲ့ လမ်းခွဲသွားကြတဲ့ အတွဲတွေကိုလည်း တစ်ပုံတစ်ပင် တွေ ့မြင်ရပါတယ်။ ဒါကြောင့် Relationship   တစ်ခု ကြာရှည်ခိုင်မြဲဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပိုပိုလေး ပရိတ်သတ်တွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ယုံကြည်နားလည်မှုရှိခြင်း။
 
Relationship တစ်ခုမှာ  တစ်ယောက်နဲ့ တစ်ယောက်  ယုံကြည်နားလည်မှု အပြည့်အဝထားသင့်ပါတယ်။ တစ်ချို့ ကိစ္စတွေမှာ သဘောထားခြင်း မတိုက်ဆိုင်တာကြောင့် ပဋိပက္ခဖြစ်လာနိုင်တဲ့ ဆက်ဆံရေးမျိုးတွေလည်း ကြုံတွေနိုင်ပါတယ်။ ဒါဟာ ယုံကြည်မှု အားနည်းတာကြောင့် ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပြစ်တင်ဝေဖန်ရာကနေ ပြသာနာက သေးတဲ့အမှုကနေ ကြီးလာပြီး ဆက်ဆံရေးပြိုကွဲတဲ့ အဆင့်ကို ရောက်ရှိလာပါတယ်။ ဒါကြောင့် ပြသာနာ တစ်ခုဖြစ်လာပြီးဆိုရင် တစ်ယူသန်ဝါဒတွေကို ခဝါချပြီး နှစ်ဦးနှစ်ဖက် ခေါင်းအေးအေးထားပြီး အဆင်ပြေပြေဖြစ်လာအောင် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၂။ အပြုသဘောဆောင်တာတွေကို တွေးပေးပါ။
 
စာရေးဆရာကြီး အောင်သင်း ပြောခဲ့တဲ့ စကားတစ်ခွန်း သဘောကျမိတယ်။ လူအချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် အပြုသဘော ဆောင်တာတွေကိုတွေးပြီး အပြုသဘောဆောင်တာတွေကို လုပ်ရင် အပြုသဘော ဆောင်တာတွေပဲ ဖြစ်လာလိမ့်မယ်တဲ့ ။ အဲ့စကား သိပ်မှန်တယ်။ မတူညီတဲ့ ဘဝ နှစ်ခုကနေ လက်တွဲဖို့ဖြစ်လာခဲ့ပြီဆိုရင် ပိုပြီးတောင် အပြုသဘောဆောင်တာကိုတွေးပေးသင့်ပါတယ်။ 
 
တစ်ယောက်နဲ့ တစ်ယောက် သံသယတွေ  ရှိမနေသင့်ပါဘူး။ (ဥပမာ အလုပ်ကြောင့်ဖြစ်စေ ၊ အခြေအနေတစ်ရပ်ရပ်ကြောင့် ခဏတာ အနေဝေးတာမျိုးတာမျိုးတွေရှိလာနိုင်ပါတယ်။ ) ဒါမျိုးဆိုရင် သံသယတွေမထားဘဲ အပြုသဘောဆောင်တဲ့ စိတ်လေးတွေ နဲ့ နားလည်မှုရှိရပါ့မယ်။ အထူးသဖြင့် သင့်တို့ရဲ ့ဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကနေ မဖျက်ဆီးလိုက်ပါနဲ့။

၃။ အခက်အခဲတွေကို အတူပျော်ပျော်ရွင်ရွင် ကျော်ဖြတ်ပါ၊
 
နှစ်ယောက်သား လက်တွဲပြီဆိုတာနဲ့ ကောင်းခြင်း ၊ ဆိုးခြင်းတွေက အတူကြံုံတွေခံစားရတော့မှာပါ။ အဲ့အခါ ဖြစ်လာတဲ့ အခက်အခဲကိစ္စတွေကို နှစ်ဦးသား ပျော်ပျော်ရွင်ရွင် ဖြေရှင်းတတ်ဖို့ လိုပါလိမ့်မယ်။ ပြစ်တင်လွှဲချခြင်း ။ တစ်ယောက်နဲ့ တစ်ယောက် ခေါင်းရှောင်ခြင်း ၊ စတဲ့ အပြုအမူမျိုးတွေကို လုံဝမလုပ်ဆောင်သင့်ပါဘူး။ ကြုံလာသမျှကို အေးအတူပူအမျှ ရင်ဆိုင်ဖြေရှင်းဖို့ပြီး သာယာတဲ့ ဘဝလေးနဲ့ လှပနေပါစေ။

၄။ ပျော်စရာကိစ္စလေးတွေ ဖန်တီးပေးပါ။
 
ကိုယ့်ချစ်တဲ့သူအပေါ် ပျော်ရွင်အောင်လုပ်ပေးနေရတာ ကိုယ့်လည်းပျော်ရွင်ရတာပါပဲ။ စပါရိုက်တွေလုပ် ၊ ရိုလွန်းလို့ မကြိုက်တဲ့ ကောင်းလေး ၊ ကောင်းမလေး မရှိပါဘူး။ ဒါကြောင့် ကိုယ်ချစ်ရတဲ့သူကို ပျော်ရွင်စရာလေးတွေ မကြာခဏ လုပ်ဆောင်ပေးပါ။ ငြီးငွေ ့ဖွယ်ကောင်းတဲ့ Relationship ဟာ ကြာရှည်မခိုင်မြဲနိုင်သလို ရပ်တည်မှုမှာလည်း ပျင်းစရာကောင်းလွန်းပါတယ်။ ချစ်သူနှစ်ဦးကြားမှာ ပျော်စရာကိစ္စလေးတွေ ရှိနေခြင်းက ရေရှည်ပေါင်းကူးတံတားလေးပေါ်မှာ လျှောက်လမ်းနေရသလိုပါပဲ..။
 
စုံတွဲတိုင်း ၊ ချစ်သူတိုင်း ရိုးမြေကျ လက်တွဲပေါင်းသင်းနိုင်ကြပါစေ။

 

 

 


28 Jun 2019     1,580 Views




RELATED

Most Popular of Special or Others

Most Popular of Life Style