BEC-TERO TV

သွေးထဲက အဆီပိုတွေကို ၄ ရက်အတွင်း သဘာဝအတိုင်းလျော့ကျစေနည်း

28 Jun 2019     4,334 Views


အဆီအဖြစ် သတ်မှတ်ထားတဲ့ ကိုလက်စထရော ဟာ သွေးထဲမှာလိုအပ်တာထက် များနေပါက နှလုံးသွေကြောကျဉ်းရောဂါ အပါအဝင် နှလုံးနဲ့ဆိုင်တဲ့ ရောဂါများ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။
 
ကိုလက်စထရောဟာ ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေအတွက် မရှိမဖြစ်လိုအပ်ပေမယ့် ရှိသင့်ရှိအပ်တဲ့ အတိုင်းအတာ ကန့်သတ်ချက်တော့ ရှိပါတယ်။ သွေးကို စစ်ဆေးကြည့်လို့ ကိုလက်ထရော ပါဝင်မှု ၂၀၀ မီလီဂရမ်ထက် ကျော်နေပြီဆိုရင်တော့ သွေးထဲမှာ လိုအပ်တာထက် ကျော်လွန် မြင့်မားနေပြီလို့ ကောက်ချက်ချလို့ရပါတယ်။ 
 
 
သွေးထဲမှာ ရှိသင့်တဲ့ ကိုလက်စထရော အတိုင်းအစကို သိထားသည့်တိုင် လိုအပ်တာထက် ကျော်လွန်နေပြီလားဆိုတာ အပြင်ပန်းအားဖြင့် သိဖို့ခက်ခဲပါတယ်။ ကိုလက်စထရော ကို ထိန်းညှိပေးနိုင်တဲ့ ဆေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေကရော ဘေးထွက်ဆိုးကျိုးမရှိပဲ အန္တရာယ်ကင်းရဲ့လားဆိုတဲ့ မေးခွန်း ရှိလာပြန်ပါတယ်။ 
အဖြေကတော့ နိုးပါ။ ကျန်းမာရေးအတွက် အပြည့်အဝလုံခြုံမှုကင်းတဲ့ ပရိဇီဝဆေးဆိုတာမရှိပါဘူး၊ ရေရှည်စွဲသောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြုံလာရမှာပါ။
 
ဒါကြောင့်မို့ ဆေးသောက်စရာမလိုပဲ ကိုလက်စထရောကို ပုံမှန်ထက်မကျော်အောင် ထိန်းထားနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် သွေးထဲက အဆီ ကို လျှော့ချပေးနိုင်ရုံသာမက သွေးလွှတ်ကြောနံရံမှာ ကပ်နေတဲ့ အဆီပြင်တွေကိုပါ ပျော်ကျသွားစေနိုင်ပါတယ်။ 
ဖော်ပြပါနည်းလမ်းတွေဟာ သဘာဝနည်းလမ်းဖြစ်တာကြောင့် လုံးဝအန္တရာယ်ကင်းပြီး ဘေးထွက်ဆိုးကျိုး မရှိတဲ့အတွက် တိတိကျကျလိုက်လုပ်မယ်ဆိုရင် ၄ ရက်အတွင်း သွေးထဲက အဆီပိုတွေကို ဖယ်ရှားကာ လိုအပ်သလောက်ပဲရှိနေအောင် ထိန်းညှိနိုင်ပါလိမ့်မယ်။

၁။ ပျားရည် ဆေးနည်း

 
အလွယ်ဆုံးနဲ့၊ လူတွေလည်း သဘောကျနိုင်မယ့် ပျားရည် ဆေးနည်းလမ်းလေးနဲ့ စတင်ချင်ပါတယ်။ ပျားရည်ဟာ အခုလို သဘာဝဆေးနည်းတွေဖော်စပ်ဖို့ အရမ်းအသုံးဝင်ပါတယ်။ ပျားရည်မှာ မင်နရယ်လ်၊ ဗိုက်တာမင်တို့အပြင် အင်တီအောက်ဆီဒင့်လို့ ခေါ်တဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဓာတ်တွေ ပါဝင်သလို မကောင်းတဲ့ ကိုလက်စထရောတွေကို တိုက်ဖျက်ရာမှာလည်း အစွမ်းထက်လှပါတယ်။
 
အသုံးပြုနည်း
၁။ သောက်ရည် တစ်ဖန်ခွက်ထဲကို ပျားရည် လက်ဖက်ရည် ၁ ဇွန်းထည့်ပါ။
၂။ ပန်းသီးကနေထုတ်ထားတဲ့ apple cider ဆိုတဲ့ ရှာလကာရည် ၁၀ စက် ထည့်ပါ။
၃။ သမအောင် မွှေပါ။
၄။ နေ့စဉ် နံနက်တိုင်း သောက်ခြင်းဖြင့် ကိုလက်စထရောကို ထိန်းပေးနိုင်ပါတယ်။
 
မှတ်ချက်။  ။ Apple cider ကို စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။

၂။ အုန်းဆီ ဆေးနည်း

 
 
သွေးထဲမှာ ပျော်ကျဖို့ ခက်တဲ့အဆီတွေ ရှိနေပါစေ အုန်းဆီက ဒါတွေကို ဖျော်ချပြီး ကိုလက်စထရော ပမာဏကို ထိန်းထားပေးနိုင်ပါတယ်။ 
အုန်းဆီနည်းလမ်းမှာတော့ ရှုပ်ထွေးတဲ့ အဆင့်တွေ မရှိပါဘူး။ သုံးတဲ့အခါ အုန်းဆီစစ်စစ် ဖြစ်ဖို့ တစ်ခုတည်းသာ အရေးကြီးပါတယ်။ 
 
နေ့စဉ်ချက်ပြုတ် စားသောက်နေတဲ့ အစားအစာတွေမှာ အော်ဂဲနစ် အုန်းဆီစစ်စစ်ကို အသုံးပြုပြီး စားသောက်ရုံနဲ့ ကိုလက်စထရောကို ထိန်းနိုင်ပါတယ်။
(သန့်စင် ချက်လုပ်ထားတဲ့ အုန်းဆီ လုံးဝ အသုံးမပြုရပါ)

၃။ လိမ္မော်ရည်

 
 
ဈေးကွက်ထဲမှာ အလွယ်တကူ ရရှိနိုင်တဲ့ လိမ္မော်ရည်(ရေနဲ့ ရောစပ်ရတဲ့ အဆီပုလင်း) တွေမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် တစ်ရက်ကို နှစ်ခွက်လောက် ဖျော်သောက်ပေးခြင်းဖြင့် သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရော ပမာဏကို ၁၁% ထိ လျော့ချပေးနိုင်ပါတယ်။
 
ဒီထက်ပိုပြီး ကိုလက်စထရော ပမာဏကို လျော့ချရန်မလိုပဲ တစ်ရက်လျှင် လိမ္မော်ဖျော်ရည် နှစ်ခွက်သောက်ရုံနဲ့ အသုံးဝင်တဲ့ ကိုလက်စထရောတွေကို တိုးပွားလာပြီး အသုံးမဝင်တဲ့ ကိုလက်စထရော အလိုလို လျော့ကျသွားမှာဖြစ်ပါတယ်။
သင့်ရဲ့ ဆေးစစ်ချက်မှာ ကိုလက်စထရော ပမာဏ လိုတာထက် ပိုများနေမယ်ဆိုရင်တော့ တစ်ရက်ကို လိမ္မော်ဖျော်ရည် ၇၅၀ မီလီလောက် နေ့စဉ်သောက်ပေးသင့်ပါတယ်။
(အသီးကို တိုက်ရိုက် ညှစ်ဖျော်တာကတော့ အကောင်းဆုံးဖြစ်ပါတယ်)

၄။ ပန်းသီးရှာလကာရည် (Apple Cider)

 
 
သွေးတိုးတာကနေ အသက်ရှုလမ်းကြောင်း ပိုးဝင်တဲ့အထိ ကုသပေးနိုင်တဲ့ ပန်းသီးရှာလကာရည် (Apple Cider) ဟာ သွေးထဲမှာ ကိုလက်စထရော မြင့်မားတာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
 
ပန်းသီးရှာလကာရည်ရဲ့ ရနံ့ဟာ အနည်းငယ်ပြင်းပါတယ် ဒါကြောင့် အသုံးပြုတဲ့အခါ ဖျော်ရည်တစ်ခုခုနဲ့ ရောစပ်ပြီး သောက်သုံးသင့်ပါတယ်။ ဒီလိုမျိုး နေ့စဉ်သောက်ပြီး တစ်လလောက်ကြာတဲ့အခါ စစ်ဆေးကြည့်ပါ ကိုလက်စထရော ပမာဏ ပုံမှန်ပဲရှိနေတာကို တွေ့ရပါလိမ့်မယ်။
 
အသုံးပြုနည်း
၁။ သောက်ရေ တစ်ဖန်ခွက် (သို့) အသီးဖျော်ရည်တစ်ခွက်။
၂။ ပန်းသီးရှာလကာရည်ကို ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သမအောင်ရောမွှေပါ။
၃။ တစ်ရက်လျှင် နှစ်ခွက်သောက်ပါ။

၅။ နနွင်း(ဆနွင်း) ဆေးနည်း

 
 
နနွင်းကို ပိုးသတ်တဲ့နေရာတွေမှာ သုံးလေ့ရှိပါတယ်။ ရှေးတုန်းကဆိုရင် ဒဏ်ရာတွေ ပျောက်ကင်းအောင် နနွင်းမှုန့်အုံပြီး ကုသခဲ့ကြဖူးပါတယ်။ နနွင်းဟာ သွေးထဲက ကိုလက်စထရော ပမာဏကို ထိန်းညှိပေးနိုင်သလို သွေးလွှတ်ကြောနံရံမှာ ကပ်နေတဲ့ အဆီဂျိုးတွေကိုလည်း ကွာကျစေပါတယ်။
 
အလွယ်ဆုံး အသုံးပြုနည်းကတော့ နေ့စဉ်စားသောက်တဲ့ ဟင်းတွေကို ချက်တဲ့နေရာမှာ လိုအပ်သလောက် နနွင်းမှုန့်သုံးပြီး ထည့်ချက်ပေးပါ။

၆။ ဝိုင်အနီ ဆေးနည်း

 
 
ဒီနည်းကတော့ အမျိုးသားတွေရဲ့ အကြိုက်ဖြစ်မှာ သေချာပါတယ်။ ဝိုင်နီ(Red wine) ဟာ သွေးထဲမှာ ကောင်းတဲ့ ကိုလက်စထရော ပမာဏကို ၁၅% ထိ စွမ်းအားမြှင့်ပေးနိုင်ပါတယ်။ ကောင်းတဲ့ ကိုလက်စထရော များလေလေ မကောင်းတဲ့ ကိုလက်စထရော လျော့လေလေဖြစ်ပါတယ်။
 
တစ်နေ့လျှင် ဝိုင်နီ နှစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကိုလက်စထရော ပမာဏကို ထိန်းနိုင်ပါတယ်။
 
အကယ်၍ မိတ်ဆွေက အရက်(အယ်လကေိုဟော) ပါတာကို မသောက်သူဆိုရင်တော့ ကိုလက်စထရော ပမာဏထိန်းဖို့အတွက် စပျစ်သီးဖျော်ရည်ကို အစားထိုး သောက်နိုင်ပါတယ်။

၇။ ဟင်းနုနွယ် ဆေးနည်း

 
 
ဟင်းနုနွယ်ဟာ နှလုံးလေဖြတ်ရောဂါ ဖြစ်ပွားနိုင်ချေကို အထူးလျော့ချပေးပါတယ်။ သူ့မှာပါဝင်တဲ့ ဗီတာမင်အီး နဲ့ လူတိန်းဓာတ်တို့က သွေးလွှတ်ကြောနံရံတွေမှာ မကောင်းတဲ့ ကိုလက်စထရောတွေ တွယ်ကပ်မနေနိုင်အောင် ကာကွယ်ပေးပါတယ်။
 
ဟင်းနုနွယ်ကိုတော့ ပြုတ်၍ဖြစ်စေ ကြော်၍ဖြစ်စေ ပုံစံမျိုးစုံနဲ့ စားနေကြအတိုင်း ချက်ပြုတ်စားသောက်နိုင်ပါတယ်။
 
သွေးထဲမှာ ကိုလက်စထရော မများအောင် ကာကွယ်နည်း
  • အစားအသောက်ကို တော်သင့်ရုံသာစားပါ။
  • ဆေးလိပ်သောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါ။
  • ကိုယ်အလေးချိန် ထိန်းသိမ်းမှု လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • အဆီများတဲ့ အစားအသောက်များ ရှောင်ပါ။
  • ထောပတ်နှင့် နို့ထွက် အစားအစာများ ရှောင်ပါ။
  • ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ စားသုံးပါ
  • အယ်လ်ကိုဟော သောက်တယ်ဆိုရင် ညစာစားပြီးတိုင်း ဝိုင်နီ တစ်ခွက်သောက်ပါ။

(ပိုပိုလေး)

 


28 Jun 2019     4,334 Views




RELATED

Most Popular of Health Fix

Most Popular of Life Style