BEC-TERO TV

၈ လကျော်ကြာ သတိလစ်မေ့မျော (ကိုမာ) ဖြစ်နေတဲ့ အမျိုးသမီးမှ ကလေးမွေးဖွား

28 Jun 2019     1,693 Views


မလေးရှားနိုင်ငံက အမျိုးသမီးတစ်ဦးဟာ ကိုမာ(coma) သတိပြန်မလည်လာသည့် အခြေအနေနှင့် ၃၃ ပတ်ကြာနေခဲ့ပြီးနောက် သူမ၏ နေအိမ်တွင် သတိမေ့မြောလျှက်ပင် ကလေးမွေးဖွားခဲ့ကြောင်း သိရှိရသည်။
 
Kamareeyah Arwe အသက် ၃၆ နှစ်ဟာ ဦးနှောက်အလုံးအကျိတ်(ဘရိန်းကျူမာ) ကြောင့် ကိုမာရခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲက ဆေးရုံတင်းထားရသူဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်း Fairol Haziri Rahim နဲ့တကွ မိသားစုဝင်တွေဟာ သူမမှာ ဦးနှောက်အကျိတ်ရောင်ရောဂါဖြစ်နေတာကို သတိမထားမိခဲ့ကြပါဘူး။ ဇနီးဖြစ်သူ မကြာခဏနေမကောင်းဖြစ်တယ်လို့သာ ထင်ထားခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူမက ကိုယ်ဝန် နှစ်လလွယ်ထားရပါပြီ။
 
သိပ်မကြာခင်မှာပဲ Kamareeyah Arwe က မကြာခဏခေါင်းမူးခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့ ခံစားနေရတယ်လို့ ပြောခဲ့တာကြောင့် စစ်ဆေးကြည့်ခဲ့ရာ ဦးနှောက်အကျိတ်ရောင်ရောဂါ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဆေးရုံနှစ်ခု ပြောင်းတင်ခဲ့ပြီးနောက် မလေးရှားတက္ကသိုလ်ဆေးရုံမှာ သူမရဲ့ ဦးနှောက်အကျိတ်ကို ခွဲစိတ်ဖယ်ရှားခဲ့ပါတယ်။ ခွဲစိတ်မှုခံယူစဉ်မှာပဲ သတ်ပြန်မလည်တော့ပဲ ကိုမာရသွားခဲ့တာဖြစ်ပါတယ်။
 
Kamareeyah Arwe ကို မိသားစုတွေက အိမ်ပြန်သယ်ခဲ့ပြီးနောက် ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။  အမျိုးသားဖြစ်သူဟာ ရိုတီပလာတာဆိုင်လေးနဲ့ စျေးရောင်းသူဖြစ်ပါတယ်။ ဇနီးသည် ကိုမာ ရသွားတဲ့အတွက် အချိန်ပြည့်စောင့်ရှောက်နိုင်ဖို့ အလုပ်ရပ်နားထားရပြီး မိသားစုတွေ မိတ်ဆွေတွေ ထောက်ပံ့တဲ့ ငွေကြေးတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
 
ဇနီးသည်အတွက် အထူးပြုလုပ်ထားတဲ့ နို့မှုန့်၊ လူကြီးဒိုက်ပါတွေ အပါအဝင် လိုအပ်တဲ့ ဆေးပစ္စည်းတွေအတွက် သုံးရက်ကို မလေးရှားရင်းဂစ် ၉၂ (ကျပ် ၃ သိန်းခွဲဝန်းကျင်) ကုန်ကျတယ်လို့ ဆိုပါတယ်။ သူ့ဇနီး တစ်နေ့ကျရင် ပုံမှန်ပြန်လည် သတိရလာမယ်လို့ ယုံကြည်ပြီး ဘုရားမှာ ဆုတောင်းကြောင်း ပြောဆိုခဲ့ပါတယ်။
 
 
၈ လာကျော်အကြာမှာတော့ ကိုမာ ရနေတဲ့ ဇနီးသည်က သမီးမိန်းကလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေကြောင်း သိရပါတယ်။ အခုလို အဖြစ်ပျက်ဟာ ထူးဆန်းပြီး သမီးလေးဟာ မိခင်ရဲ့  အားထုတ်မှုမရှိပဲ ဝမ်းကြာတိုက်ထဲကနေ ရုန်းကန်တိုးထွက် မွေးဖွားလာနိုင်နဲ့အတွက် ဘုရားပေးတဲ့ လက်ဆောင်လို့ ဆရာဝန်တွေကိုယ်တိုင် အံ့အားသင့်ခဲ့ရပါတယ်။

28 Jun 2019     1,693 Views




RELATED

Most Popular of Special or Others

Most Popular of NEWS