BEC-TERO TV

ကြက်သီးထစရာ မြွေကြီးတွေကြားမှာ ခေါင်းမဖော်နိုင်တဲ့ ၃ နှစ်သမီးလေး (ရုပ်သံ)

03 Jul 2019     1,515 Views


အိပ်ယာပေါ်မှာ တက်ဘလက်ကိုင်ရင်း ကာတွန်းကားကြည့်နေတဲ့ ၃ နှစ်သမီးလေးရဲ့  ကိုယ်ပေါ်ကနေ ဧရာမစပါးကြီးမြွေကြီး လူလွန့်သွားလာနေတဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူတွေ အသည်းတယားယားဖြစ်ခဲ့ကြပေမယ့် ကလေးလေးကတော့ သူ့အတွက် အထူးအဆန်းမဟုတ်သလို ကာတွန်းကားကိုပဲ သဲကြီးမဲကြီး ဆက်ကြည့်နေပါတယ်။
 
 
“ရာနီ” လို့ မိဘတွေက ချစ်စနိုးခေါ်တဲ့ သမီးလေးဟာ အင်ဒိုနီးရှားနိုင်ငံ တန်ဂဲရန်ဒေသမှာရှိတဲ့ သူတို့မိသာစုနေအိမ်မှာ မြန်မာ့စပါးအုံးကြီးတစ်ကောင်နဲ့ အတူတူနေထိုင်ပါတယ်။ သူမအသက် ၂ နှစ်သမီးထဲက ဒီမြွေကြီးကို မွေးထားတာဖြစ်လို့ အခုလို အိပ်ယာထဲကို ဝင်လာပြီး ပွတ်သီးပွတ်သပ်လုပ်ကာ ကိုယ်ပေါ်ကနေ တွားသွားနေတာက သူမအတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။
 
သူမရဲ့ဖခင် Syahrul Effendi က နိုင်ငံခြားတိရိစ္ဆာန်မျိုးတွေ ဒဏ်ရာအနာတရ မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။ သမီးလေး ရာနီ တောရိုင်းတိရိစ္ဆာန်တွေကို ချစ်တာဟာ သူ့ရဲ့သွေးပါလို့လို့ ဆိုပါတယ်။ 
 
 
ကလေးရဲ့ ကိုယ်ပေါ်မှာ တွားသွားနေတာ မြွေတစ်ကောင်မကတာကို ရုပ်သံမှာ တွေ့ရပါတယ်။ သူမဟာ အိမ်မှာရှိတဲ့ မြွေတွေကိုဆေးတိုက်တာ မိကျောင်းကို သွားတိုက်ပေးတာ စတဲ့ ရုပ်သံတွေကိုလည်း ဖခင်ဖြစ်သူကိုယ်တိုင် ရိုက်ကူးပေးခဲ့ဖူးပါတယ်။
 
အခုလို တိရိစ္ဆာန်တွေနဲ့ အတူရှိနေတဲ့ သူ့ရဲ့သမီးလေး ဘေးကင်းလုံခြုံရေးကို သိပ်စိတ်မပူဘူးလို့ ဆိုပါတယ်။ “ဒါတွေကိုကြည့်ပြီး အခြားသူတွေ ဘယ်လိုခံစားရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော်လည်း စစတွေ့ခြင်းတုန်းက အရမ်းလန့်သွားတယ် ဒါပေမယ့် ကလေးနဲ့ တိရိစ္ဆာန်တွေကြား အပြန်အလှန်ဆက်ဆံတဲ့ပုံစံကို ကြည့်ပြီးသွားတော့မှ စိတ်အေးရတယ်” လို့ ဆိုပါတယ်။
 
 
ဒါပေမယ့် အွန်လိုင်းသုံးသူတွေကတော့ ဒီရုပ်သံအပေါ် ကလေးရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဝေဖန်မှုတွေ ပြင်ထန်နေဆဲဖြစ်ပါတယ်။

03 Jul 2019     1,515 Views




RELATED

Most Popular of Special or Others

Most Popular of NEWS