BEC-TERO TV

ဆောင်းဟယ်ကျိုဟာ ခင်ပွန်းသည်နဲ့သာယာလှပတဲ့မိသားစုဘဝလေးတည်ဆောက်ဖို့ စီစဉ်ခဲ့ကြောင်း အသိမိတ်ဆွေတစ်ဦးပြောကြား

04 Jul 2019     1,303 Views


အာရှတစ်လွှားမှာ နာမည်ကြီးလူကြိုက်များတဲ့ Song Song စုံတွဲဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးကြေညာခဲ့ပါတယ်။ ဆောင်းဟယ်ကျိုဟာ  ခင်ပွန်းဖြစ်သူ ဆောင်းဂျွန်ကီနဲ့ သာယာလှပတဲ့ မိသားစုဘဝလေးတစ်ခု ထူထောင်ဖို့ စီစဉ်ခဲ့ကြောင်း သူမရဲ့ အနုပညာ အသိုင်းအဝိုင်းမှ မိတ်ဆွေတစ်ဦးက ပြောပြလာပါတယ်။ ဆောင်းဟယ်ကျိုတစ်ယောက် ဘယ်လို စီစဉ်ထားခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဆောင်းဟယ်ကျိုဟာ encounter ဇာတ်လမ်းတွဲရိုက်ကူးအပြီးမှာ ခင်ပွန်းသည်နဲ့ ကလေးယူဖို့ စီစဉ်ထားကြောင်း သူမ အသိမိတ်ဆွေ တစ်ဦးကပြောပြလာပါတယ်။

“Encounter ဇာတ်လမ်းတွဲရိုက်ကူးပြီးတာနဲ့ သူ ကလေးယူဖို့စဉ်းစားထားကြောင်း ကျွန်မကို ပြောပြဖူးပါတယ်။” ဆိုပြီး ဆောင်းဟယ်ကျိုရဲ့ အနုပညာအသိုင်းအဝိုင်းမှ အသိမိတ်ဆွေတစ်ဦးက ပြောပြလာပါတယ်။

ဒါပေမဲ့ ဆောင်းဟယ်ကျိုဟာ Encounter ရိုက်ကူးပြီးတာနဲ့ နောက်ထပ်ရိုက်ကူးဖို့ ဇာတ်လမ်းတွဲအသစ်များကိုသာ ရှာဖွေနေကြောင်းကိုလဲ ပြောပြသွားပါတယ်။ ဆောင်းဟယ်ကျိုဟာ ကလေးယူဖို့ အစီအစဉ်ဆိုတာထက် Encounter ရိုက်ကူးအပြီးမှာ အရင်ကထက်ပိုပြီး အလုပ်တွေ လုပ်နေခဲ့တာဖြစ်ပါတယ်။ ထို အချိန်ကတည်းက Song စုံတွဲနှစ်ယောက်ကြား အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပုံပါပဲ။

Source-koreaboo

(ပိုပိုလေး)


04 Jul 2019     1,303 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS