BEC-TERO TV

သမ္မတ ထရန့်ကို အားပေးထောက်ခံသူ မဟုတ်ခဲ့ပေမယ့် နိုင်ငံအတွက် တာဝန်ကျေခဲ့သူ ရာဖီနို

09 Jul 2019     1,332 Views


ကျင်းပပြီးစီးသွားတဲ့ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဟာ ချန်ပီယံဆုကို ဆွပ်ခူးသွားခဲ့ပါတယ်။ အမေရိကန်အမျိုးသမီးဘောလုံးအသင်းဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတလျှောက်မှာ (၄) ကြိမ်မြောက်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ်နဲ့လည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတံဆိပ် အားလုံးကို သိမ်းပိုက်ခဲ့သူတော့ အမေရိကန်အသင်းရဲ့  ဒု-အသင်းခေါင်းဆောင် တိုက်စစ်မှူး မီဂန် ရာဖီနိုက ရရှိခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ မီဂန် ရာဖီနိုဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို ထောက်ခံသူ မဟုတ်တာကြောင့် ထရန့်၏ ဂုဏ်ပြုအခမ်းအနားကိုတောင် မတတ်ရောက်ဘူး လို့  ငြင်းဆိုခဲ့ပါတယ်။

ရာဖီနိုက “ကမ္ဘာ့ ဖလားမှာ ဗိုလ်စွဲသည်ဖြစ်စေ ၊ မစွဲသည်ဖြစ်စေ  သမ္မတ ထရန့်၏ အိမ်ဖြူတော်မှာ ဂုဏ်ပြုခံဖို့ တက်ရောက်မှာ မဟုတ်ပါဘူး၊ ကျွန်မ တာဝန်က အမေရိကန်အသင်းကို ချန်ပီယံဆုရရင် ကျွန်မ အလုပ်ပြီးပါပြီ ” လို့ သူမက ဆိုပါတယ်။

ရာဖီနိုဟာ LGBT တစ်ယောက်ဖြစ်ပြီး အမျိုးသမီးချင်း ချစ်ကြိုက်နေသူဖြစ်ပါတယ်။ ရာဖီနိုဟာ ကမ္ဘာ့ ဖလားကို ဗိုလ်စွဲပြီးနောက် ပရိတ်သတ်ပေါင်း (၆၀၀၀၀) နီးပါးလာရောက်ကြည့်ရူတဲ့ ပြင်သစ်နိင်ငံ  လိုင်ယွန်ကွင်းကြီး အတွင်းမှာ သူမ၏ ချစ်သူကို အနမ်းခြွေခဲ့ပါတယ်။

ရာဖီနိုဟာ ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ဗိုလ်လုပွဲမှာ အနိုင်ရပြီး အမေရိကန်အသင်းနဲ့အတူ ချန်ပီယံ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ဂိုးသွင်းအများဆုံးဆု ရွေဖိနပ်ဆု ကိုလည်းရရှိခဲ့ပါတယ်။ ဒါအပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။


09 Jul 2019     1,332 Views




RELATED

Most Popular of Football

Most Popular of Sport