BEC-TERO TV

ကိုယ့်ထက် ၃၃ နှစ်ငယ်တဲ့ ကျောင်းသူလေးနဲ့တွဲခုတ်နေတဲ့ ဘရာဇီးဂန္တဝင် ရိုမာရီယို

10 Jul 2019     1,469 Views


အသက် ၅၃ နှစ်အရွယ် ဘရာဇီးဂန္တဝင်ကစားသမားကြီး ရိုမာရီယိုဟာ လက်တလောမှာ သူထက် အသက် ၃၁ နှစ်ငယ်တဲ့ အသက် ၂၂ နှစ်အရွယ် အန်နာကာရိုလိုင်း နာဇာရီယို နဲ့ တွဲခုတ်နေတယ်လို့ သိရပါတယ်။  နာဇာရီယိုဟာ ပြီးခဲ့တဲ့မေလတည်းက ဘရာဇီးလ်ဂန္တဝင်ကြီးနဲ့ တွဲခုတ်ခဲ့တာဖြစ်ပြီး Follower  (၂၁၀၀၀)  ရှိတဲ့ သူမရဲ့ အင်စတာဂရမ် စာမျက်နှာမှ တစ်ဆင့် သူတို့ရဲ့ စုံတွဲပုံများကို ပရိသတ်များထံ ချပြခဲ့ပါတယ်။

အန်နာကာရိုလိုင်း နာဇာရီယို ကတော့ သူမချစ်သူကြီး ရိုမာရီယိုနဲ့ ပါက်သတ်ပြီး  “ ကျွန်မဘဝမှာ အချစ်ကို မခံစားတတ်ခဲ့ပါဘူး ၊ ဒါပေမယ့် ချစ်သူကြီး ရိုမာရီယိုက အချစ်နဲ့ပါက်သတ်ပြီး ကောင်းကောင်းသင်ပြပေးခဲ့ပြီး အချစ်ကို ဘယ်လိုခံစားရမလဲ ဆိုတာကို သူနဲ့ကျမှ သိခဲ့ရပြီး ကျွန်မအတွက် ဂုဏ်ယူစရာတွေပါပဲ ” ချီးကျူးခဲ့ပါတယ်။

ရိုမာရီယိုဟာ ကစားသမားဘဝမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိင်ခဲ့ပြီး အချစ်ရေးမှာလည်း ကောင်းကောင်း စွမ်းဆောင်နိုင်သေးကြောင်း ဖွင်ဟခဲ့ပါတယ်။

ရိုမာရီယိုက “ ကျွန်တော် အခုအသက်အရွယ်အထိ အချစ်ရေးမှာ ယုံကြည်ချက် အပြည့်ရှိသေးပါတယ်။ ကျွန်တော်ဟာ အချစ်ရေးမှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ပြီး တစ်ရက်တည်းနဲ့ မတူညီတဲ့ မိန်းမ (၃) ယောက်နဲ့ အတူအိမ်နိုင်ပါတယ်။ ” လို့ သူရဲ့ စွမ်းဆောင်ရည်နဲ့ ပါက်တက်ပြီး ပြောကြားခဲ့ပါတယ်။

ရိုမာရီယိုဟာ ကစားသမား ဘဝတစ်လျှောက်မှာ သွင်းဂိုးပေါင်း (၁၀၀၀) ကျော်သွင်းယူထားနိုင်ခဲ့ပြီး PSV ၊ဘာစီလိုနာ အသင်းတို့နဲ့ ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် (၁၉၉၄) ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဘရာဇီး လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ရိုမာရီယိုဟာ ယခုအချိန်မှာ ဘရာဇီးလ်အသင်းအတွက် ဂိုးအများဆုံးသွင်းထားသူ (၄) ယောက်မြောက်စာရင်းမှာ ပါဝင်နေပြီး ပွဲ (၇၀) ကစားပြီးချိန်မှာ သွင်းဂိုး (၅၅) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူထက်ပိုပြီး သွင်းထားနိုင်သူကတော့ ပီလီ၊ ရော်နယ်ဒို၊ နေမာတို့ပဲ ဖြစ်ကြပါတယ်။ လက်ရှိအချိန်မှာ့ဲ ဘရာဇီးဂန္တဝင်ကစားသမားကြီး ရိုမာရီယိုဟာ နိုင်ငံရေးလောကသို့ ခြေချနေပြီး အချစ်ရေးမှာလည်း အသစ်အဆန်းတွေ ပြုလုပ်ပြသနေပါတယ်။

Ref ; the sun


10 Jul 2019     1,469 Views




RELATED

Most Popular of Football

Most Popular of Sport