BEC-TERO TV

ဘာသာစကားအခက်အခဲကြောင့် ဗီယက်နမ်ဇနီးသည်ကိုရိုက်မိကြောင်းထွက်ဆိုလာတဲ့ ကိုးရီးယားအမျိုးသား

10 Jul 2019     1,326 Views


ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်မှာဖြစ်ပွားခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံသား အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဟာ ဗီယက်နမ်အမျိုးသမီးကို ရိုက်နှက်နှိပ်စက်တဲ့ ဗွီဒီယို ဖိုင်တစ်ခု အွန်လိုင်းမှာ ပြန့်လာပါတယ်။ ရိုက်နှက်ခံရသူ ဗီယက်နမ်ဇနီးသည်ဟာ အမျိုးသားရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့တာကြောင့် ယုံကြည်စိတ်ချရတဲ့ သူမသိအောင် ဖုန်းဖြင့် ဗွီဒီယိုခိုးရိုက်ထားကာ အသိမိတ်ဆွေတစ်ဦးထံပေးပို့ခဲ့ပါတယ်။ သူမ အသိမိတ်ဆွေရဲ့ တိုင်ကြားချက်အရ ရဲစခန်းမှ အသက် ၃၀ အရွယ် မျိုးရိုးအမည် Kim အမည်ရတဲ့ အမျိုးသားကို အမှုဖွင့် စစ်ဆေးခဲ့ပါတယ်။ Kim ရဲ့ ထွက်ဆိုချက်က ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Kim ဟာဇနီးဖြစ်သူကို ကိုးရီးယားဘာသာစကား ကျွမ်းကျင်စွာမပြောတတ်တာကြောင့် တစ်ဦးနဲ့ တစ်ဦးကြားနားလည်မှု အခက်အခဲတွေကြောင့် ရိုက်နှက်မိကြောင်းရဲစခန်းမှာထွက်ဆိုလာပါတယ်။ ဒါ့အပြင် Kim ပြောထွက်ခဲ့တဲ့ နောက်စကားတစ်ခွန်းကြောင့် လူထုပရိတ်သတ်အများ စိတ်ဆိုးခဲ့ကြပါတယ်။

“တခြားယောင်္ကျားတွေလဲ ကျွန်တော့်လိုပဲဆိုတာ ကျွန်တော်ယုံကြည်တယ်” ဆိုပြီးပြောကြားသွားပါတယ်။

ရိုက်နှက်ခံရသူ ဗီယက်နမ်ဇနီးသည်ဟာ နာရီပေါင်း ၃ နာရီကြာ ရိုက်နှက်ခံခဲ့ရတာကြောင့် လက်ရှိမှာ လူမှုကယ်ဆယ်ရေးအသင်းများရဲ့ အကူအညီနဲ့ ဆေးကုသမှုခံယူနေတာပဲဖြစ်ပါတယ်။ သူမခန္ဓာကိုယ်ပေါ်က ပြင်းထန်တဲ့ ဒဏ်ရာများကြောင့် ဆေးကုသမှု ကြာမြင့်ချိန် ၄ ပတ်လောက် ကြာမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ဗီယက်နမ်လူမျိုး ဇနီးသည်နဲ့ ၂ နှစ်အရွယ်သားဖြစ်သူကို တောင်ကိုးရီးယား လူမှုကယ်ဆယ်ရေးအသင်းများက ကူညီစောင့်ရှောင်ထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာ ရဲဌာန ထုတ်ပြန်ချက်အရ ရိုက်နှက်သူ အမျိုးသား Kim ဟာ ဇနီးကို ပြစ်မှုကျူးလွန်နေစဉ်အတောအတွင်း အရက်သောက်ထားကြောင်းသိရှိရပါတယ်။ တစ်ဖန် တောင်ကိုးရီးယားနိုင်ငံမှာ ဒီလိုအဖြစ်အပျက်တွေဟာ အခုမှ ဖြစ်ပျက်တာမဟုတ်ကြောင်း အရင်ကတည်းကလဲ တောင်ကိုးရီးယားနိုင်ငံသားနဲ့ ယူမိတဲ့ နိုင်ငံခြားသား မိန်းကလေးတွေအနေနဲ့ အနည်းနဲ့အများ နှိပ်စက်ခံရတာတွေ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလာကြပါတယ်

Source-allkpop

(ပိုပိုလေး)

 


10 Jul 2019     1,326 Views




RELATED

Most Popular of International News

Most Popular of NEWS