BEC-TERO TV

စင်ကာပူနိုင်ငံတွင် ရခိုင်အသင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရ

10 Jul 2019     1,355 Views


စင်ကာပူနိုင်ငံတွင် ဖွဲ့စည်းထားသော စင်ကာပူရခိုင်အသင်းမှ ဥက္ကဋ္ဌဖြစ်သူနဲ့ ရခိုင်အမျိုးသား ၆ ဦးကို စင်ကာပူ လူဝင်မှုကြီးကြပ်ရေး(လ.ဝ.က) မှ ဇူလိုင်လ ၉ ရက်နေ့က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက စင်ကာပူရခိုင်အသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ပြန်ကြားရေးတာဝန်ခံ နှင့် အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၆ နာရီတွင် နောက်ထပ် ၂ ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့ကြောင်း အဖွဲ့ဝင်ဖြစ်သူ အမည်မဖော်လိုသူတစ်ဦးက နိရဥ္စရာသတင်းဌါနကို ပြောကြားခဲ့ကြောင်း သိရသည်။
 
အဖမ်းခံရသူများထဲတွင် Arakan Association (Singapore) ဥက္ကဋ္ဌ ဦးဟိန်းဇော်၊ ဒုဥက္ကဋ္ဌ မေကြီး(ခ) မအေးမြတ်မွန်၊ ပြန်ကြားရေး တာဝန်ခံ သားလေး(ခ) ကိုရဲကျော်ထက်၊ ကိုတင်လှိုင်ဦးတို့ကို ဇူလိူင် ၉ ရက်နေ့ နံနက် ၈ နာရီနှင့် ၁ဝ နာရီကြားတွင် ၎င်းတို့၏ နေအိမ်အသီးသီးမှ ဖမ်းခေါ်သွားခဲ့သည်ဟု ဆိုသည်။
 
ယနေ့နံနက် ၆ နာရီမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂ ဦးမှာ ကိုအောင်မြတ်ကျော်နှင့် ကိုထွန်းအေးတို့ ဖြစ်ကြသည်ဟု သိရသည်။
 
“သူတို့နှစ်ဦးကိုတော့ ဒီကနေ့ မနက် ၆ နာရီမှာ ဖမ်းသွားတယ်။ ကိုအောင်မြတ်ကျော်ရဲ့ အိမ်ပေါ်မှာ စင်္ကာပူရဲ ပြောသွားတာကတော့ မြန်မာအစိုးရက ဖမ်းခိုင်းတဲ့အတွက် ဖမ်းတယ်လို့ ပြောသွားတယ်လို့ သိရပါတယ်။ ပြီးရင် ကွန်ပျူတာ၊ လက်ဖ်တော့၊ ဗီဒီယိုဖိုင်က အစအကုန်လုံးသိမ်းသွားတယ်လို့ သိရပါတယ်။ မှတ်တမ်းမှတ်ရာတွေ ပြုလုပ်ပြီး သိမ်းသွားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
 
လက်ရှိ အချိန်တွင် ထိုမျှသာ သတင်းရရှိသေးပြီး နောက်ထပ် သတင်းမရသေးကြောင်း ၎င်းက ပြောကြားသည်။
ယခု ဖမ်းဆီးမှုသည် စင်္ကာပူနိုင်ငံတွင် ရခိုင်အဖွဲ့အစည်း တစ်ခုအား ပထမဆုံးအကြိမ် ဖမ်းဆီးမှု ဖြစ်ကြောင်း သိရသည်။
 
သတင်းရင်းမြစ် - နိရဥ္စရာ

10 Jul 2019     1,355 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS