BEC-TERO TV

AA ကို ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံသား ၆ ဦးကို စင်ကာပူပြည်ထဲရေးမှ ဖမ်းဆီး ပြည်နှင်ဒဏ်ပေး

11 Jul 2019     1,264 Views


မြန်မာအစိုးရနဲ့ ဆန့်ကျင်တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်တပ်မတော် (AA) ကို အဝေးကနေ ထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု စွပ်စွချက်နဲ့အတူ စင်ကာပူနိုင်ငံရခိုင်အသင်းအဖွဲ့မှ လူအချို့ကို စင်ကာပူပြည်ထဲရေးမှ ဖမ်းဆီးခဲ့ပြီးနောက် ဇူလိုင်လ ၁၀ ရက်နေ့က ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း စင်ကာပူသတင်းစာ The Straits Times တွင် ဖော်ပြပါရှိသည်။
 
ယင်းကဲ့သို့ ရခိုင်တပ်မတော်(AA) ကို အဝေးကနေ(စင်ကာပူ) ငွေကြေးထောက်ပံ့မှုများ ပြုလုပ်နေခြင်းဟာ စင်ကာပူနိုင်ငံရဲ့ လုံခြုံ​ရေးအတွက် မလိုလားအပ်တဲ့ ပြဿနာများ ဖြစ်လာနိုင်တာကြောင့်ဖြစ်ကြောင်း စင်ကာပုပြည်ထဲရေး The Ministry of Home Affairs (MHA) က ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ဒါ့အပြင် လုံခြုံရေးကို ထိပါးလာမှုနှင့် ပက်သက်သူများအား ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ထပ်လောင်းဖော်ပြထားသည်။
 
စင်ကာပူရခိုင်အသင်းမှ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ ကွန်ပြူတာ၊ မိုဘိုင်းဖုန်းတွေကိုပါ ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
MHA ရဲ့ ကြေညာချက်မှာ စင်ကာပူရောက် မြန်မာအသိုင်းအဝိုင်းက အချို့သောသူတွေဟာ ရခိုင်တပ်မတော်ကို ထောက်ပံ့ပေးနေမှုတွေကိုတွေ့ရပြီး ရခိုင်အသင်းမှ လူတစ်ဦးဟာ AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နဲ့ တိုက်ရိုက်ဆက်သွယ်မှုတွေရှိပြီး စင်ကာပူမှတစ်ဆင့် ပံ့ပိုးမှုတွေ ပေးနေကြောင်း ဖော်ပြထားပါတယ်။
 
MHA က ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေရဲ့ အမည်ကို ဖော်ပြခြင်းမရှိပေမယ့် ဧရာဝတီသတင်းဌါနရဲ့ ဖော်ပြချက်မှာတော့ ရခိုင်အသင်း ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ဒုဥက္ကဋ္ဌ ဒေါ်အေးမြတ်မွန်၊ ပြန်ကြားရေးတာဝန်ခံ ကိုရဲကျော်ထက်၊ အဖွဲ့ဝင်များဖြစ်တဲ့ ကိုတင်လှိုင်ဦး၊ ကိုအောင်မြတ်ကျော် နဲ့ ကိုထွန်းအေးတို့ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ကိုအောင်မြတ်ကျော်ဟာ AA ရဲ့ ဦးစီးချုပ် ထွန်းမြင့်နိုင်နဲ့ ဆွေမျိုးတော်စပ်တယ်လို့လည်း ဖော်ပြထားပါတယ်။
 
 
ဖမ်းဆီးခံခဲ့ရသူတွေဟာ AA နဲ့ ရခိုင်ပေါင်းစည်းညီညွတ်ရေးအဖွဲ့ ULA ထူထောင်တဲ့ ၁၀ နှစ်ပြည့်အခမ်းအနားကို AA ရဲ့ အမှတ်တံဆိပ်တွေ တပ်ဆင်ပြီး ဝင်ရောက်ဆင်နွှဲခဲ့ကြသူများလည်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
 
ဒီအခမ်းအနားမှာ သရုပ်ပြသူတွေက AA ရဲ့ စစ်ဝတ်စုံကို ဝတ်ဆင်ပြီး သေနတ်ပုံစံတူ ကိုင်ဆောင်ကာ မြန်မာစစ်တပ်နဲ့ ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ဟန် ပြသခဲ့ကြပါတယ်။ ဒီရုပ်သံထဲမှာ AA ရဲ့ခေါင်းဆောင်က ကြည့်ရှုသူတွေကို ရခိုင်လွပ်လပ်ရေးအတွက် အစိုးရကို ဆန့်ကျင်ကြရန် တိုက်တွန်းထားတဲ့ ပြကွက်တွေလည်း ပါဝင်ကြောင်း MHA က ဖော်ပြထားပါတယ်။
 
 
မဇ္စျိမသတင်းမှာတော့ ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းက ပြည်နှင်ဒဏ်ပေးခံလိုက်ရသူ ၂ ဦး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
 
 
 

11 Jul 2019     1,264 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS