BEC-TERO TV

ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာတော့မယ့် ဒီယေဂို ကော်စတာ

11 Jul 2019     1,367 Views


အက်သလက်တီကိုအသင်း တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် အဲဗာတန်အသင်း က ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ ဒီယေဂို ကော်စတာ ကိုယ်တိုင်ကလည်း အဆိုပါ အပြောင်းအရွေ့ ကို စိတ်ဝင်စားတယ်လို့ သိရပါတယ်။ ကော်စတာကို ခေါ်ယူဖို့ အဲဗာတန်အသင်းအပြင် ဝုလ်အသင်းကလည်း ကြိုးပမ်းလာဖို့ ရှိတယ်လို့ သိရပါတယ်။

အက်သလက်တီကို အသင်းမှာ မိုရာတာ ၊ ယာအို ဖီလစ် ၊ တို့ ရောက်ရှိလာမှုကြောင့် ကော်စတာဟာ ပုံမှန်ပွဲထွက်ခွင့် မသေချာတာကြောင့် အသင်းပြောင်းရွေ့ ကစားဖွယ်ရှိနေပါတယ်။ ကော်စတာကို ခေါ်ယူဖို့ အဲဗာတန်အသင်းက ၂၀၁၇ ခုနှစ်ကလည်း ကြိုးပမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး ကော်စတာက အက်သလက်တီကို အသင်းကို ပြန်လည်ပြောင်းရွေ့ ခဲ့တာဖြစ်ပါတယ်။

အသက်(၃၀)အရွယ် ၀ါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ချဲလ်ဆီးအသင်းကို လာရောက်ကစားစဉ်က အောင်မြင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်တိုင် ရရှိနိုင်ခဲ့ပါတယ်။ ထို့နောက် နည်းပြကွန်တီနှင့် အဆင်မပြဖြစ်ပြီးနောက် ချဲလ်ဆီးအသင်းမှ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိတွင် အဲဗာတန်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ အန်ဒရေဂိုးမက်စ်အား ပေါင်(၂၂)သန်းဖြင့် ခေါ်ယူထားပြီး ဖြစ်ပါတယ်။


11 Jul 2019     1,367 Views




RELATED

Most Popular of Football

Most Popular of Sport