BEC-TERO TV

ခွေးသားစားတဲ့ ကိုးရီးယားတွေရန်က ခွေးလေးတွေကို ကာကွယ်ပေးဖို့အတည်ပြုလိုက်တဲ့ အမေရိကန် သရုပ်ဆောင် Kim Basinger

12 Jul 2019     1,327 Views


တောင်ကိုးရီးယားနိုင်ငံ ‘တိရစ္ဆာန်ဆိုင်ရာ အခွင့်အရေး အဖွဲ့အစည်း’ မှ ထုတ်ပြန်ချက်အရ အမေရိကန် သရုပ်ဆောင် Kim Basinger ဟာ ဒီအပတ်သောကြာမှာ ပြုလုပ်မယ့် တောင်ကိုးရီးယားနိုင်ငံ ခွေးသားစား လျော့ချရေး လှုပ်ရှားမှုအတွက် ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။ တောင်ကိုးရီးယားနိုင်ငံ ရိုးရာဓလေ့အရ ဇူလိုင်လအတွင်းမှာ Chobok အမည်ရတဲ့ စွပ်ပြုတ်သောက်သုံးခြင်း ပွဲတော်ပြုလုပ်လေ့ရှိပါတယ်။ ဒီပွဲမှာ ခွေးသားများပါဝင်မှုကို လျော့ချစေဖို့ အဖွဲ့အစည်းမှ လုပ်ဆောင်သွားမှာဖြစ်ပြီး အနုပညာရှင်အချို့က တစ်ဖက်တစ်လမ်းက ပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်။ အမေရိကန် သရုပ်ဆောင် Kim Basinger ပါဝင်ရတဲ့အကြောင်းအရင်းက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ကိုးရီးယားလူမျိုးအချို့ဝယ်ယူသူမရှိတဲ့ အိမ်မွေးခွေးများကို အသားအဖြစ် ပြန်လည်ရောင်းချဖို့ မွေးမြူရေးခြံဆောက်လုပ်ကာ သီးသန့်မွေးမြူထားကြပါတယ်။  နိုင်ငံတကာမှ ခွေးချစ်သူ ပရိတ်သတ်တွေအနေနဲ့ တိရစ္ဆာန်ဆိုင်ရာအခွင့်အရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ဒီကိစ္စကို ဆန့်ကျင်နေကြပါတယ်။

လတ်တလောအနေအထားအရ တောင်ကိုးရီးယားနိုင်ငံရှိ လူဦးရေ ၄၄.၂ ရာခိုင်နှုန်းက ခွေးသားစားခြင်းကို ကန့်ကွက်ပြီး ၄၃.၇ ရာခိုင်နှုန်းက တော့ ခွေးသားစားခြင်းကို လက်ခံကျင့်သုံးနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ ခွေးသားဟင်းလျာရောင်းချတဲ့ စားသောက်ဆိုင်ပေါင်း ၅၂၈ ဆိုင်ထိ ရှိခဲ့ပြီး ၂၀၁၄ မှာ ၃၂၉ ဆိုင်အထိ လျော့ချနိုင်ခဲ့ပါတယ်။ ဟောလိဝုဒ်မှ အနုပညာရှင်တစ်ဦးဖြစ်တဲ့ Kim Basinger တစ်ယောက် ခွေးလေးတွေကို ကယ်တင်ဖို့ တစ်ထစ်ချ ဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၈ မှာလဲ X-factor မှ ဒိုင်တစ်ဦးဖြစ်တဲ့ Simon Cowell ကလဲ တောင်ကိုးရီးယား နိုင်ငံမှ ခွေးများကို ကယ်တင်ဖို့ ဒေါ်လာ ၃ သောင်း ၂ ထောင်တိတိလှူဒါန်းခဲ့ပါတယ်

Ref:allkpop

(ပိုပိုလေး)

 


12 Jul 2019     1,327 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS