BEC-TERO TV

ညနေခင်း နောက်ဆုံးရ အပြောင်းအရွေ့ အားကစား သတင်းတိုများ

12 Jul 2019     1,724 Views


မန်ယူအသင်းဟာ လာဇီယိုအသင်းကွင်လယ်လူ မီလင်ကိုဗစ် ဆာဗစ်ကို ယူရို သန်း (၈၀)ဖြင့်ကမ်းလှမ်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

ဒီနှစ်မှ တန်းတက်လာတဲ့ အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးအသင်းမှ ကွင်းလယ်လူ ဒေါက်ကလပ် လူဝစ်ကို ပေါင် (၁၅) သန်းဖြင့် ခေါ်ယူလိုနေတယ်လို့သိရပါတယ်။ ဒေါက်ကလပ် လူဝစ်ဟာ  စပိန်ကလပ် ဂျီနိုအာအသင်းမှာ ၂ နှစ်ဆက်တိုက် အငှားသွားရောက်ခဲ့ရပြီး မန်စီးတီးအသင်းမှာ နေရာရဖို့ ခက်ခဲ့တာကြောင့် ဗီလာအသင်ကို ပြောင်းရွေ့ လာဖို့ ရှိတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဆမ်ဒိုးရီးယား တိုက်စစ်မှူး ဇာပါတာကို ပေါင် သန်း(၄၀) ဖြင့်ခေါ်ယူဖို့ နံပါတ် (၁) ပစ်မှတ်ထားနေတယ်လို့ the sun မှဖော်ပြချက်အရသိရပါတယ်။ ဝက်စ်ဟမ်းအသင်း၏ တိုက်စစ်မှူး အနော်တိုဗစ် ဟာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပြောင်းရွေ့ သွားတဲ့အတွက်ကြောင့် လစ်လပ်နေတဲ့ တိုက်စစ်နေရာကို အသက် ၂၈ နှစ်အရွယ် ဇာပါတာကို ခေါ်ယူခ၏၏လိုခြင်း ဖြစ်ပါတယ်။

အီတလီကလပ် နာပိုလီအသင်းဟာ အာဆင်နယ် နှင့် မန်ယူ ပစ်မှတ် မိုနာကို အသင်းမှ နီကိုလက် ပီပီ ကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။  နာပိုလီ အသင်းဟာ အီကာဒီ ၊ ရိုဒရီဂို စတဲ့ ကစားသမားတွေကို လွဲချော်ခဲ့တာကြောင့် အိုင်ဗရီကိုစ့် သား ပီပီကို မျက်စိကျလာခြင်းဖြစ်ပါတယ်။ ပီပီ ကိုခေါ်ယူနိုင်ဖို့ အခြား ဘိုင်ယန်မြူးနစ် နှင့်  အဲဗာတန်အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာအသင်းဟာ ဂျေလိဂ် ကာရှီးမားအသင်းမှ လူငယ် တိုက်စစ်ကစားသမား Hiroki Abe ကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ Hiroki Abe ကို ဆေးစစ်မှုပြုလုပ်ပြီးနောက် ဘာစီလိုနာအသင်းက မကြာခင်မှာ ကြေငြာသွားတော့မှာလို့ သိရပါတယ်။

အသက် ၂၀ အရွယ် Hiroki Abe ဟာ ကာရှီးမားအသင်းမှာ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနေပြီး ကြံခိုင်မှုကောင်းကောင်းနဲ့ နေရာစုံမှာ ကစားနိုင်တဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ပြီ်းခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာလည်း ဂျပန်အသင်းလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။

 


12 Jul 2019     1,724 Views




RELATED

Most Popular of Football

Most Popular of Sport