BEC-TERO TV

ကမ္ဘာ့ပြောင်းရွေ့ ကြေး အများဆုံး နောက်ခံလူကို ခေါ်ယူနိုင်တော့မယ့် မန်ယူ

15 Jul 2019     1,316 Views


မန်ယူအသင်းဟာ လက်စတာအသင်း၏ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွဲရားအား နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး လို့သိရပါတယ်။ မကြာခင်မှာ ဆေးစစ်မှု ခံယူသွားပြီး မန်ယူကစားသမား အဖြစ် အပြီးသတ် ကြေညာသွားဖို့ ရှိနေပါတယ်။

မန်ယူအသင်းက မက်ဂွဲရားအတွက် ကနဦးပြောင်းရွေ့ ကြေး ပေါင်း သန်း(၆၀) ကို အရင်ပေးချေမှာဖြစ်ပြီး သူရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ကျန် ပေါင် သန်း(၂၀) ကိုထပ်မံပေးချေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ထားသည့်ကစားသမားမှာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဖြစ်ပြီး ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်းဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

မက်ဂွဲရားဟာ ၂၀၁၇ နွေရာသီက ဟားစီးတီးအသင်းမှ လက်စတာအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၁၂)သန်း ထပ်ဆောင်းအပိုကြေး ပေါင် (၅) သန်း ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ပွဲ(၂၀) အထိ ကစားခွင့်ရရှိထားပါတယ်။

လက်ရှိအချိန်မှာ မက်ဂွဲရားဟာ ရာသီကြိုလေ့ကျင့်မှုများ ပြုလုပ်ရန် ပြင်သစ်နိုင်ငံကို ရောက်ရှိနေတာဖြစ်သော်လည်း သူကိုယ်တိုင်က အသင်းမှ ထွက်ခွာလိုတယ်လို့ ဝန်ခံထားတဲ့အတွက်ကြောင့် သူရဲ့ အပြောင်းအရွေ့ ဟာ မကြာခင်မှာ ဖြစ်မြောက်တော့မှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ မန်ယူအသင်းက ပေါင်သန်း (၇၀) ဖြင့်ကမ်းလှမ်းသော်လည်း လက်စတာအသင်းက ပေါင် သန်း (၉၀) အထိ အလိုရှိနေတာကြောင့် မက်ဂွဲရားဟာ လက်စတာအသင်းအပေါ် ဒေါသထွက်ခဲ့ရပါတယ်။


15 Jul 2019     1,316 Views




RELATED

Most Popular of Football

Most Popular of Sport