BEC-TERO TV

မွေးကင်းစကလေး၏ ကျောက်ကပ်ဖြင့် အစားထိုးခွဲစိတ်ကုသမှုအောင်မြင်

15 Jul 2019     1,433 Views


ကျောက်ကပ်ဆိုးရွားစွာ ပျက်ဆီးနေသည့်ဝေဒနာရှင် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးအား မွေးကင်းစကလေးငယ်၏ ကျောက်ကပ်ဖြင့် အစားထိုးလဲလှယ်ပေးခဲ့မှု အောင်မြင်ကြောင်း တရုတ်နိုင်ငံ ဟူဘေပြည်နယ်ဆေးရုံကြီးမှ ဆရာဝန်များက ထုတ်ပြန်ကြေညာခဲ့သည်။
 
ကျင်းစီပြည်နယ်မှ “ဝမ်” ဟု အမည်ရသည့် အမျိုးသမီးမှာ ကျောက်ကပ်ဝေဒနာခံစားနေရပြီး ပြီးခဲ့တဲ့နှစ် ဇွန်လမှ စတင်ကာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ သူမရဲ့ ကျောက်ကပ်ဝေဒနာက ဆိုးရွားလွန်းသည့်အတွက် ကျောက်ကပ်အစားမထိုးနိုင်ပါက နေ့စဉ်ပုံမှန် ကျောက်ကပ်ဆေးပေးမှသာ အသက်ရှင်နိုင်မည့် အခြေအနေမှာရှိပါတယ်။
 
ကံကောင်းထောက်မစွာနဲ့ တစ်လလောက်အကြာမှာတော့ လမစေ့ပဲ မွေးဖွားလာတဲ့ ကလေးငယ်ရဲ့ ကျောက်ကပ်နဲ့ အစားထိုးနိုင်ခဲ့ပါတယ်။ ကိုယ်အလေးချိန် ၁.၃ ကီလိုသာ ရှိတဲ့ကလေးငယ်ဟာ ဝူဟန်ယူနီယမ် ဆေးရုံမှာ မွေးဖွားခဲ့ပြီးမကြာခင်မှာ သေဆုံးခဲ့ပါတယ်။ မိဘတွေက သူတို့ကလေးရဲ့ အတွင်းကလီစာတွေကို ဆေးရုံကို လှူဒါန်းခဲ့တာဖြစ်လို့ အဲဒီနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာပဲ ကျောက်ကပ်အလှူရှင်ရှိကြောင်း သတင်းရခဲ့တာပါ။
 
 
ဆရာဝန်တွေက အမျိုးသမီးကို ကလေးငယ်ရဲ့ အလွန်တရာမှသေးငယ်တဲ့ ကျောက်ကပ်နဲ့ အစားထိုးခွဲစိပ်နိုင်ခဲ့ပြီးနောက် တစ်နှစ်ပတ်လုံး လူနာရဲ့ အခြေအနေကို စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ 
အစားထိုးလဲလှယ်စဉ်က ကျောက်ကပ်ရဲ့ အရွယ်ဟာ ၃ စင်တီမီတာ နဲ့ ၄ စင်တီမီတာကြားမှာသာရှိပြီး ယခုတစ်နှစ်ခန့်အကြာမှာတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ၆.၉ စင်တီမီတာထိ တဖြည်းဖြည်း ကြီးထွားလာတာကိုတွေ့ရပါတယ်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ကျောက်ကပ်ဟာ ၁၀ စင်တီမီတာလောက်ပဲရှိတယ်လို့ ဆိုပါတယ်။
အစားထိုးပေးထားတဲ့ ကျောက်ကပ်နှစ်လုံးစလုံးဟာ ပုံမှန်အလုပ်လုပ်နေပြီး လူနာအမျိုးသမီးဟာ ကျန်းမာရေး ပုံမှန်ပြန်ဖြစ်လာပြီလို့ ဆိုပါတယ်။ 
 
မွေးကင်စကလေးရဲ့ ကျောက်ကပ်ကို အစားထိုးပေးရတာဟာ အရွယ်ရောက်ပြီးသား လူတစ်ယောက် လှူဒါန်းထားတဲ့ ကျောက်ကပ်ကို အစားထိုးပေးရတာထက် အဆပေါင်းများစွာ ခက်ခဲတယ်လို့ ဆိုပါတယ်။ 
ပုံမှန်အားဖြင့် မွေးကင်းစကလေးတွေရဲ့ ကိုယ်အလေးချိန်ဟာ ၅ ကီလိုအောက်မှာသာရှိလို့ သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ အစားထိုးနိုင်ဖို့ဆိုတာ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးတဲ့ ကိစ္စဖြစ်ပါတယ်။
 
အခုတော့ အစားထိုးခွဲစိတ်မှု အောင်မြင်တယ်လို့ ပြောနိုင်ပါပြီ။ ကျောက်ကပ်လှူဒါန်းသူရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ နည်းလေလေ အစားထိုးခံလူနာရဲ့ ကျန်းမာရေး ပုံမှန်ဖြစ်မှုဟာ နှေးကွေးတယ်လို့ဆိုပါတယ်။
ဝူဟန်းယူနီယမ်ဆေးရုံ တစ်ခုထဲမှာတင် ကျောက်ကပ်အစားထိုးလဲလှယ်နိုင်ဖို့ စာရင်းပေးသွင်း စောင့်ဆိုင်းနေကြတဲ့ လူနာပေါင်း ၅၀၀ ကျော်ရှိနေပါတယ်။ ယခုလို မွေးကင်းစကလေးငယ်ရဲ့ ကျောက်ကပ်နဲ့ အစားထိုးအောင်မြင်မှုကြောင့် ဒီလိုကလေးငယ်တွေဆီက လှူဒါန်းမှုမျိုးကိုပါတိုးချဲ့ လက်ခံနိုင်ကြောင်း သိရသည်။

15 Jul 2019     1,433 Views




RELATED

Most Popular of International News

Most Popular of NEWS