BEC-TERO TV

ရှေ့ဆံမြိတ်မပါတဲ့ Lisa ရဲ့ပုံရိပ်ကြောင့် အံအားသင့်ခဲ့ရတဲ့ပရိတ်သတ်များ

15 Jul 2019     1,587 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ blackpink မှ အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထိုင်းမလေး Lisa ဟာဆိုရင် ချစ်ခင်တဲ့ ပရိတ်သတ် အများအပြားရရှိထားသူလေးပဲဖြစ်ပါတယ်။ Lisa ဟာ blackpink မှာ ကျန်တဲ့တခြားသော အဖွဲ့ဝင်တွေနဲ့ မတူပဲ bangs(ရှေ့ဆံမြိတ်) ကို အမြဲတမ်းထားရှိတာကို ပရိတ်သတ်ကြီး သတိထားမိမှာပါ။ Lisa ရဲ့ ရှေ့ဆံမြိတ်တွေဟာ ဘယ်လောက်ထိ ခိုင်မာလဲဆိုရင် Lisa တစ်ယောက် ရမ်းခါနေအောင် ကသည့်တိုင်အောင် သူ့ဆံမြိတ်တွေက ပုံစံမပျက်သွားပါဘူး။ ဒါကြောင့် ပရိတ်သတ်အများစုဟာ Lisa ရဲ့ နဖူးကို တစ်ခါမှ မမြင်ဖူးကြပါဘူး။ ဒါပေမဲ့ လတ်တလော Bangkok မှာပြုလုပ်သွားတဲ့ Lisa ရဲ့ swalla အက ဗွီဒီယိုအရ Lisa ရဲ့ နဖူးကို ပရိတ်သတ်တွ မြင်တွေ့နိုင်ခဲ့ပါပြီ။ Lisa တစ်ယောက် ရှေ့ဆံမြိတ်မပါတဲ့ ပုံစံက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Lisa ရဲ့ရှေ့ဆံမြိတ်တွေဟာ သူဘယ်လောက်ကက ပုံပျက်သွားခြင်းမရှိပဲ ခိုင်မြဲနေတာကြောင့် ပရိတ်သတ်အများက Lisa ရဲ့ နဖူးကို မမြင်ဖူးကြပါဘူး။ Lisa ရဲ့ ရှေ့ဆံမြိတ် ခိုင်မာမှုရှိမရှိကို ပြီးခဲ့တဲ့ Melbourne ဖျော်ဖြေပွဲနဲ့ ယခု လတ်တလော ဘန်ကောက်ဖျော်ဖြေပွဲကို ယှဉ်ပြလိုက်ပါတယ်။

Lisa ရဲ့ Melbourne ဖျော်ဖြေပွဲမှ Swalla dance >>

Lisa ရဲ့ Bangkok ဖျော်ဖြေပွဲမှ Swalla dance>>

ယခုလတ်တလော ဖျော်ဖြေသွားတဲ့ ပုံစံအရ Lisa ဟာ ဆံပင်အကောက်ပုံစံပြောင်းထားတာကို တွေ့ရမှာပါ။ ဒီတစ်ခါ Swalla အကမှာ Lisa ရဲ့ ရှေ့ဆံမြိတ်တွေ ခိုင်မြဲမှုမရှိတော့ပဲ Lisa ရဲ့ နဖူးကို ပရိတ်သတ်အများမြင်တွေ့ခွင့်ရလိုက်ပါတယ်။ ရှေ့ဆံမြိတ် ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ လှနိုင်လွန်းတဲ့ Lisa လေးပါပဲ။

Ref:koreaboo

(ပိုပိုလေး)  

 

 


15 Jul 2019     1,587 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS