BEC-TERO TV

Dorm မှာစားစရာမရှိတဲ့ အချိန်တိုင်း မိဘတွေကို လွမ်းမိကြောင်းပြောပြဖူးတဲ့ Lisa

15 Jul 2019     1,584 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် kpop အဆိုတော်အဖွဲ့ Blackpink မှ ထိုင်းမလေး Lisa ဟာဆိုရင် ပရိတ်သတ်ချစ်ခင်မှု အပြည့်အဝရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ Lisa ဟာပြီးခဲ့တဲ့ နှစ်တွေတုန်းက တီဗွီအစီအစဉ်တစ်ခုမှာ trainee တစ်ယောက်အနေနဲ့ သူရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေအကြောင်းပြောပြဖူးပါတယ်။ Lisa ပြောပြဖူးတဲ့ အခက်အခဲတွေက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink ဟာပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လမှာ Jung Yong Hwa host အဖြစ်ပါဝင်တဲ့ Party People အစီအစဉ်မှာ သွားရောက်ပါဝင်ခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ Blackpink နဲ့အတူ JYP Entertainment ရဲ့ CEO ပါဝင်ခဲ့ပါတယ်။ JYP Entertainment ဟာ ကိုးရီးယားလူမျိုးမဟုတ်ပဲ နိုင်ငံခြားသား idols အဆိုတော်တွေ အများအပြားတည်ရှိတဲ့ အေဂျင်စီတစ်ခုပဲဖြစ်ပါတယ်။ Lisa ဟာ ထိုင်းနိုင်ငံကနေ idol အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ကိုးရီးယားကို လာခဲ့သူတစ်ဦးဖြစ်တာကြောင့် JYP က Lisa ကိုမေးခွန်း အချို့ထုတ်ခဲ့ပါတယ်။

JYP က Lisa ကို ကိုးရီးယားမှာ နေထိုင်ရတာနဲ့ ပတ်သတ်တဲ့အခက်အခဲတချို့ကို မေးမြန်းတဲ့အခါမှာ Lisa က “Dorm မှာ စားစရာမရှိတဲ့အချိန် အဖေနဲ့ အမေကို လွမ်းမိတယ် ဒါပေမဲ့ အဖွဲ့ဝင်တွေက သူ့ကို ဂရုစိုက်ပေးတော့ မကြာခဏ အဖေနဲ့ အမေကိုတောင် မေ့သွားလေ့ရှိတယ်” လို့ပြောပြလာပါတယ်။

Lisa တစ်ယောက် ကိုးရီးယားကို trainee တစ်ယောက်အနေနဲ့ စရောက်တုန်းက ကိုးရီးယားစကားကို ‘မင်္ဂလာပါ’ တစ်လုံးကလွဲလို့ ဘာမှမပြောတတ်ခဲ့ပါဘူး။ Lisa ကို ကိုးရီးယားစကား မြန်မြန်ပြောတတ်အောင် YG Entertainment က Lisa နဲ့စကားပြောရမည့် လူတိုင်းကို အင်္ဂလိပ်လို မပြောစေပဲ ကိုးရီးယားလိုပဲ ပြောစေခဲ့ပါတယ်။ ဒီလို စည်းကမ်းတင်းကြပ်ခဲ့တာကြောင့် Lisa တစ်ယောက် ကိုးရီးယား စကား ကျွမ်းကျင်စွာပြောတတ်ခဲ့ပုံပါပဲ။

အဖွဲ့ဝင်တွေရဲ့ ဂရုစိုက်မှုကြောင့် ကိုးရီးယားမှာ နေသားကျသွားတဲ့ Lisa ဟာအခုဆိုရင် ကိုးရီးယားလူမျိုးတစ်ယောက်နီးပါး ကိုးရီးယားစကားတွေကို ကျွမ်းကျင်စွာပြောဆိုတတ်နေပြီပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ Lisa ဟာ YG မှာတစ်ဦးတည်းသော ကိုးရီးယား လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသား အဆိုတော်ပဲဖြစ်ပါတယ်။

Source-sbs party people

(ပိုပိုလေး)


15 Jul 2019     1,584 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS