BEC-TERO TV

ရော်နယ်ဒိုရဲ့ စည်းရုံးရေးကြောင့် ဒီလစ်ကို ခေါ်ယူနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်

17 Jul 2019     1,374 Views


ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်စ်အသင်းနှင့် နယ်သာလန်နောက်ခံကစားသမား ဒီလစ်ကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အေဂျက်စ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဒီလစ်ကို မန်ယူ ၊ ဘာစီလိုနာ စတဲ့ အသင်းကြီးတွေ စိတ်ဝင်စားမှုရှိခဲ့ပေမယ့် ၎င်းထက်ဂျူဗင်တပ်စ်အသင်းက လက်ဦးမှု ရယူခဲ့ခြင်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီလစ်အတွက် အေဂျက်စ်အသင်းနဲ့ ပေါင် (၆၃) သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး သူရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး နောက်ထပ် (၁၀.၈) သန်းကို ဆက်လက်ပေးဆောင်ရမှာဖြစ်ပါတယ်လို့  Dailymail ကဖော်ပြထားပါတယ်။ ဒီလစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုပြီး တစ်နှစ်လုပ်ခ (၁၃.၅) သန်းရရှိမှာ ဖြစ်ပါတယ်။

မနေ့ညက ဒီလစ်ဟာ အီတလီနိုင်ငံ တူရင်ကိုရောက်ရှိလာခဲ့ပြီး ဂျူဗင်တပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ အတွက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ လာမည့် ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်သွားမှာဖြစ်ပြီး တရားဝင် အပြောင်းအရွေ့ ကို မကြာခင်မှာ ကြေညာသွားဖွယ်ရှိပါတယ်။

ဒီလစ်ကို ခေါ်ယူရာမှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နောက်ကွယ်က စွဲဆောင်မှုကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နေရှင့်လိဂ် ဆီးမီးဖိုင်နယ်မှာ ပေါ်တူဂီအသင်းနှင့် နယ်သာလန်အသင်းတို့ တွေ့ ဆုံခဲ့ပြီး ပွဲအပြီးမှာ ရော်နယ်ဒိုက ဒီလစ်အနားကပ်ပြီး “ဂျူဗင်တပ်စ်အသင်းမှာ ကစားချင်လား ဆိုပြီး ”  စည်းရုံးခဲ့တာဖြစ်ပါတယ်။


17 Jul 2019     1,374 Views




RELATED

Most Popular of Football

Most Popular of Sport