BEC-TERO TV

ပြစ်မှုကျူးလွန်တဲ့အချိန် အရက်သောက်ထားခြင်းမရှိကြောင်း ထွက်ဆိုလာတဲ့ Kang Ji Hwan

17 Jul 2019     1,259 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ဇာတ်လမ်းတွဲသရုပ်ဆောင် Kang Ji Hwan ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က လုပ်ဖော်ကိုင်ဖက်အမျိုးသမီး နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ Gwangju ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးခံခဲ့ရပါတယ်။ Kang Ji Hwan ဟာ အဆိုပါ အမျိုးသမီးနှစ်ဦးနဲ့ အရက်သေစာမူးယစ်သောက်စားခဲ့ပါတယ်။ Kang Ji Hwan အနေနဲ့ အရက်သောက်ပြီး ဘာမှ မမှတ်မိတော့ကြောင်း ပြီးခဲ့တဲ့ အပတ်ရုံးချိန်းမှာ ထွက်ဆိုထားပါတယ်။ လတ်တလော အခြေအနေအရ Kang Ji Hwan ရဲ့ ရှေ့နေက ဘယ်လို ထွက်ဆိုလာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက် SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားတဲ့ Showbiz tonight အစီအစဉ်အရ သရုပ်ဆောင် Kang Ji Hwan ၏ ရှေ့နေဟာ အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားလာပါတယ်။

“Kang Ji Hwan ဟာ မှုခင်းဖြစ်ပွာနေစဉ်အတောအတွင်း အရက်သောက်ထားခြင်းမရှိပါဘူး။ ရဲတွေရောက်လာတဲ့အချိန် တရားလို နစ်နာသူ အမျိုးသမီးနှစ်ယောက်ရှိတဲ့နေရာကို ခေါ်သွားပေးတာ Kang Ji Hwan ပဲဖြစ်ပါတယ်။ ကျူးလွန်ခြင်းခံရတဲ့ အမျိုးသမီး နှစ်ယောက်ဟာ တတိယလူကို မက်ဆေ့ခ်ျပို့ပြီး အကူအညီတောင်းခဲ့တယ်လို့ ဖြေရှင်းချက်မှာပါဝင်ပါတယ်။” ဆိုပြီး ပြောကြားသွားပါတယ်။

လက်ရှိ Kang Ji Hwan ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ အမျိုးသမီး  A နဲ့ B ဟာ သူ လက်ရှိ အလုပ်အတူတူလက်တွဲလုပ်ကိုင်နေတဲ့ Huayi Brothers မှ ဝန်းထမ်းများဖြစ်ကြပါတယ်။ Kang Ji Hwan ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ Huayi Brothers နဲ့ စတင်လက်တွဲခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးများဟာ Kang Ji Hwan နဲ့ လုပ်ငန်းသဘောအရ ခင်မင်ရင်းနှီးသူများဖြစ်ကြပြီး Kang Ji Hwan တစ်ယောက် အမှန်တကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့လေသလား၊ လုပ်ကြံခံရသလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref:allkpop

(ပိုပိုလေး)

 

 

 


17 Jul 2019     1,259 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS