BEC-TERO TV

ကြည့်ရှုသူ အံအားသင့်စေခဲ့တဲ့ ကွင်းလယ်စက်ဝိုင်းနားကနေ တိုက်ရိုက်ကန်သွင်းခဲ့တဲ့ ထွန်းလင်းအောင်ရဲ့ သွင်းဂိုး

18 Jul 2019     1,438 Views


မြန်မာ နေရှင်းနယ်လိဂ် ပွဲစဉ် (၁၆) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပြီးခဲ့တဲ့ အပါတ်က ချင်းလန်း အသင်းနှင့် စစ်ကိုင်း ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ချင်းလန်းအသင်းဟာ (၁၅) ပွဲကစားထားပြီး ရမှတ် (၉) နဲ့တန်းဆင်းရုံးကန်နေရတဲ့ အသင်းဖြစ်ပြီး စစ်ကိုင်း ယူနိုက်တက်ကလည်း ရှေ့ပွဲ နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ တာကြောင့် နှစ်သင်းစလုံးအတွက် အကြိတ်အနယ်ဖြစ်စေမယ့် ပွဲကောင်းတစ်ပွဲကို မြင်တွေ့ ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ပွဲမှာ ချင်းလန်းအသင်းကွင်းလယ်ကစားသမား ထွန်းလင်းအောင်က အထူးခြေစွမ်းပြ ကစားထားနိုင်ခဲ့ပြီး ချင်းလန်းအသင်းအတွက် ဒုတိယမြောက် သွင်းဂိုးကို ထွန်းလင်းအောင်က ကွင်းလယ်စက်ဝိုင်းနားကနေ တစ်ဖက်ဂိုးသမားကို ကျော်ပြီး လှလှပပ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုလည်း ထွန်းလင်းအောင်ကပဲ ဖရီးကစ်ဂိုးမှတဆင့်  လှလှပပ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာ ချင်းလန်းအသင်းက ၂-၁ ဖြင့် စစ်ကိုင်း ယူနိုက်တက်အသင်းကို အဖိုးတန် အနိုင် (၃) မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် ချင်းလန်းအသင်းဟာ ရမှတ် (၁၂)မှတ် နဲ့ အဆင့် (၈) မှ မကွေးအသင်းနှင့် ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ စစ်ကိုင်း ယူနိုက်တက်အသင်းကတော့ နောက်ဆုံး (၃) ပွဲဆက် ရှုံးပွဲကြုံတွေ့ ခဲ့တာပဲဖြစ်ပါတယ်။

ကွင်းလယ်စက်ဝိုင်းနားက ကန်သွင်းသွားတဲ့ ချင်းလန်းအသင်းက ထွန်းလင်းအောင်ရဲ့ သွင်းဂိုးက ဒီရာသီ MPT Myanmar National League ရဲ့ အကောင်းဆုံး သွင်းဂိုးများ ဖြစ်လာမလားဆိုတာကိုတော့……

ပရိတ်သတ်ကြီးရဲ့ အမြင်ကရော…


18 Jul 2019     1,438 Views




RELATED

Most Popular of Football

Most Popular of Sport