BEC-TERO TV

‘လှ’တာက ချက်စားလို့မရဘူး ‘ဝ’တာက ဖက်ထားလို့ရတယ်

18 Jul 2019     2,063 Views


ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပါယ်ကို အတိအကျဘာသာပြန်ဖို့ ခက်ပါတယ်။ အချစ်နဲ့ပက်သက်ရင် လူတိုင်းမှာ ကိုယ်ပိုင် ဒဿနတွေ၊ ဖွင့်ဆိုချက်တွေ ကွဲပြားစွာရှိနေနိုင်ပါတယ်။ အချို့က ချောမှလှမှ၊ အချို့က ပစ္စည်းဥစ္စာပြည့်စုံမှ၊ အချို့က ပညာတတ်မှ၊ အချို့က စိတ်သဘောထားကောင်းမှ၊ အချို့က အားလုံးပြည့်စုံမှ စသည်ဖြင့်ပေါ့..။
 
 
ဒါပေမယ့် ထိုင်းနိုင်ငံမှာ မကြာသေးမီကမှ လက်ထပ်လိုက်ကြတဲ့ မင်္ဂလာစုံတွဲရဲ့  သတို့သားကတော့ ‘ဝ’တာလေးကိုမှ သိပ်ချစ်မိတယ်လို့ ဆိုပါတယ်။ သူတို့ မောင်နှံရဲ့ မင်္ဂလာဆောင်ပုံရိပ်တွေက ထူးခြားပြီး ချစ်ဖို့လည်းကောင်းပါတယ်။
 
ဝဝကစ်ကစ်နဲ့ သတို့သမီးလေးက သူမရဲ့အဖြစ်ကို မယုံကြည်နိုင်ဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ သာမန်အမျိုးသမီးတွေထက် ‘ဝ’လွန်းတာကြောင့် သူမကို ချစ်မယ့်သူ မရှိဘူးလို့ ထင်နေခဲ့တာပါ။
 
 
သတို့သားဖြစ်တဲ့ အမျိုးသားနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက အွန်လိုင်းပေါ်မှာ ဆုံခဲ့ပြီး ခင်မင်ခဲ့ကြရင်းက သူမကို ချစ်တယ်လို့ ပြောလာတဲ့အခါ နောက်ပြောင်ကျီစယ်နေတာလို့ပဲ ထင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် တစ်နှစ်ကြာခဲ့ပြီးတဲ့နောက်မှာတော့ အမျိုးသားက ကျီစယ်တာမဟုတ်ပဲ သူတစ်ကယ်ချစ်တာပါဆိုတဲ့အကြောင်းကို လက်ထပ်ယူပြီး သက်သေပြခဲ့တာဖြစ်ပါတယ်။ သတိုးသမီးနဲ့ သတို့သားတို့ရဲ့ ပျော်ရွှင်နေတဲ့ မြင်ကွင်းလေးက ကြည်နူးစရာပါ။
 
 
သူမက ကျွန်တော့်အတွက်တော့ အမြဲတမ်းချစ်စရာကောင်းနေတယ်၊ ပြီးတော့ ကျွန်တော့်ကိုလည်း ဂရုစိုက်တယ်။ ကျွန်တော့်ချစ်သူကို ဝတယ်လို့ ဘယ်သူပြောမလဲ..? ပြောလေ ကျွန်တော်ဂရုလုံးဝမစိုက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီဝတာလေးကိုက ကျွန်တော့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေလို့ပါ” ဟု သတို့သားက ပြောကြားခဲ့ပါတယ်။
 
 
 
 
 
 
 
 
ကဲ.. ဝဝကစ်ကစ်လေးတွေကိုမှ ချစ်တယ်ဆိုတဲ့သူတွေရှိရင် မန့်ခဲ့ဦးနော်..။

18 Jul 2019     2,063 Views




RELATED

Most Popular of Special or Others

Most Popular of NEWS