BEC-TERO TV

အာဆင်နယ် ဘောလုံးအကယ်ဒမီမှာ ဘောလုံးသင်တန်း တက်နေတဲ့ မြန်မာ လူငယ် (၅) ဦး

22 Jul 2019     1,399 Views


မြန်မာဘောလုံးလောကဟာ အခြားနိုင်ငံတွထက် ခြေလှမ်းပေါင်းများစွာ နောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချိန်က အာရှကျားကြီး လို့သတ်မှတ်ခံထားရတဲ့ မြန်မာဘောလုံးအသင်းဟာ အာဆီယံအဆင့်မှာတောင် အလယ်အလတ်အဆင့်သာ ရှိတော့တာ ဖြစ်ပါတယ်။ ဒီလို နိမ့်ကျနေတဲ့ မြန်မာဘောလုံးလောက ကိုဆွဲတင်နိုင်ဖို့အတွက် မြန်မာ့ ဘောလုံးအဖွဲ့ ချုပ်နှင့် အဖက်ဖက်သော အဖွဲ့ အစည်းများကလည်း စွမ်းစွမ်းတမံ ဝိုင်းဝန်းပံ့ပိုး ကူညီနေကြတာကိုလည်း တွေ့ မြင်ရပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းမှလည်း မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အလားအလာရှိသော လူငယ်များကို ရှာဖွေဖော်ထုတ်ပြီး ကျွမ်းကျင် နည်းစနစ် ပညာရှင် ၊ထူးချွန်တဲ့ နိုင်ငံခြားနည်းပြများကို ခေါ်ယူခန့်အပ်ပြီး သင်ကြားပေးနေပါတယ်။ ယခုဆိုရင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဟာလည်း ပရိတ်သတ်တွေလည်း အထူးအားပေးလာကြတာကိုလည်း တွေ့ မြင်ရပါတယ်။ ထို့အတူ ခေတ်မှီတဲ့ ဘောလုံးအကယ်ဒမီတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ရက်နေ့က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း အသင်းဖြစ်တဲ့ အာဆင်နယ် ဘောလုံး အကယ်ဒမီမှာ မြန်မာလူငယ် ဘောလုံးသမား ၅ဦး သင်တန်း တက်ရောက်နေပါတယ်လို့ သိရပါတယ်။ အဆိုပါ လူငယ် ကစားသမား ၅ဦးဟာ အာဆင်နယ်ရဲ့ အကယ်ဒမီမှာ ၂ပတ်ကြာ သင်တန်း တက်ရောက်မှာဖြစ်ပြီး လာမယ့် ဇူလိုင် ၃၁ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ လက်ရှိ အာဆင်နယ် အကယ်ဒမီကို အသင်းခေါင်းဆောင်ဟောင်း မာတီဆက်ကာက မန်နေဂျာအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ထိပ်တန်း ဘောလုံးအသင်း အကယ်ဒမီတွေဆီကို ပို့ဆောင်ပေးခဲ့တာက  မန္တလေးမြို့ အခြေစိုက် Lucky Home ဘောလုံး အကယ်ဒမီမှ ဖြစ်တယ်လို့ သိရပါတယ်။ Lucky Home ဘောလုံး အကယ်ဒမီဟာ ကလေး လူငယ်များအတွက်ရည်ရွယ်ပြီး ကျန်းမာ ကြံ့ခိုင် ဉာဏ်ရည် ကောင်းစေရန်အတွက် ငယ်စဉ်ကတည်းက ဘောလုံးပညာကို အခြေခံကျ စနစ်တကျ သင်ကြားပေးတဲ့ လူငယ် ဘောလုံး အကယ်ဒမီ တစ်ခုဖြစ်ပါတယ်။ အဆိုပါ အကယ်ဒမီမှာ နိုင်ငံခြားသားနည်းပြ အပါအဝင် မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်းတွေ ဦးဆောင် သင်ကြားပေးတဲ့ ဘောလုံး အကယ်ဒမီတစ်ခုလည်း ဖြစ်ပါတယ်။

Lucky Home ဘောလုံး အကယ်ဒမီဟာ မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် ဘောလုံးသင်တန်းကို ဖွင့်လှစ်ပေးခဲ့တာ ၄ နှစ်ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်ပြီး ထိပ်တန်းအကယ်ဒမီတွေမှာ လေ့ကျင့်နိုင်ဖို့အထိ ဆောင်ရွတ်ပေးနေတာ ဖြစ်ပါတယ်။

 


22 Jul 2019     1,399 Views




RELATED

Most Popular of Football

Most Popular of Sport