BEC-TERO TV

တိတ်တိတ်ပုန်းနောက်မိန်းမယူထားတဲ့ ခင်ပွန်းကို အိပ်ပျော်နေစဉ် ရေနွေးပူနဲ့လောင်းချ

24 Jul 2019     1,426 Views


လင်မယားစုံတွဲတွေအတွက်တော့ အိမ်ထောင်ရေး ဖောက်ပြန်တာဟာ အကြီးမားဆုံး ပြစ်မှုကို ကျူးလွန်လိုက်တာပါပဲ။ ဒီလိုအမှားမျိုးကို တစ်ယောက်ယောက်က ကျူးလွန်လိုက်မိပြီဆိုရင် ကျန်တစ်ယောက်က ခွင့်လွှတ်ပေးဖို့ အလွန်ခက်ခဲသလို ဖြေရှင်းဖို့လည်း မလွယ်ကူပါဘူး။
 
အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူလာဝေစီက အသက် ၃၀ အရွယ် ‘အမီနာ’ ဆိုသူ အမျိုးသမီးက သူ့ရဲ့ခင်ပွန်းဟာ တိတ်တိတ်ပုန်း နောက်မိန်းမယူထားတယ်ဆိုတာကို အတော်ကြာကြာမသိခဲ့ပဲ ဇူလိုင်လ ၁၃ ရက်နေ့ကမှ မထင်မှတ်ပဲ သိလိုက်ရတာကြောင့် ဒေါသကို မထိန်းနိုင်ပဲ အခန်းထဲမှာ အိပ်ပျော်နေတဲ့ ခင်ပွန်းရဲ့ မျက်နှာတည့်တည့်ပေါ်ကနေ ရေနွေးပူနဲ့ လောင်းချခဲ့ပါတယ်။
 
 
သူမရဲ့ခင်ပွန်း ‘ဘာတီးရား’ဟာ ဘာအလုပ်မှ မယ်မယ်ရရလုပ်တဲ့သူမဟုတ်ပဲ တစ်နေ့တစ်နေ့ အိပ်ထဲကနေထွက်သွားလိုက် ပြန်လာလိုက်နဲ့ အချိန်ကုန်နေသူပါ။ အိမ်ရဲ့စားဝတ်နေရေးကြပ်တည်းလို့ ကလေးတွေအတွက် သူမဟာ အိမ်နီးနားချင်းဖြစ်တဲ့ အမျိုးသမီးဆီကနေ မျက်နှာငယ်နဲ့ ပိုက်ဆံချေးငှားရဖူးပါတယ်။ 
 
သူမ ဒေါသအဖြစ်ဆုံးကတော့ အဲဒီပိုက်ဆံချေးငှားတဲ့ အမျိုးသမီးဟာ ခင်ပွန်းသည်ရဲ့ တိတ်တိတ်ပုန်း မယားဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို သိသွားတဲ့အခါ ရှက်လဲရှက် ဒေါသထွက်တဲ့စိတ်နဲ့ နောက်ဖေးမီးဖိုထဲဝင်သွားပြီး ဒယ်အိုးထဲ ရေထည့်ကာ ရေနွေးကို ဆူပွက်နေအောင် ကျိုပါတယ်။ အဲဒီနောက် ဒယ်အိုးထဲကနေ ရေဖလားထဲပြောင်းထည့်ပြီး အိပ်ခန်းထဲကို ယူလာကာ အိပ်နေတဲ့ ခင်ပွန်းသည်ရဲ့ မျက်နှာပေါ်တည့်တည့်ကို တုံ့ဆိုင်းခြင်းမရှိပဲ လောင်းချခဲ့ပါတယ်။
 
အဲဒီအချိန်တုန်းက အရမ်းဒေါသထွက်နေတာကလွဲရင် ဘာမှမစဉ်းစားမိခဲ့ဖူးလို့ဆိုပါတယ်။ ရေနွေးပူနဲ့ လောင်းခံလိုက်ရတဲ့ ခင်ပွန်းသည်ဟာ ဒေသခံဆေးဆရာနဲ့ပဲ ဒဏ်ရာတွေကို ကုသရင်း ၆ ရက်မြောက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
 
 
ခင်ပွန်းသည်ကို သေစေဖို့ မရည်ရွယ်ခဲ့ပေမယ့် သူမရဲ့လုပ်ရပ်ကြောင်း သေဆုံးရတဲ့အတွက် ရဲတွေက လူသတ်မှုနဲ့ ဖမ်းဆီးထားပါတယ်။ ဒါ့အပြင် ‘အမီနာ’ ကို အိမ်တွင်းအကြမ်းဖက်မှုဥပဒေနဲ့လဲ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။
 
ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ် သို့မဟုတ် ထောင်ဒဏ်တစ်သက် ချမှတ်နိုင်ကြောင်း တောင်ပိုင်း ဆူလာဝေစီ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ‘ဒစ်ကီဆွန်ဒါနီ’ က ပြောကြားခဲ့ပါတယ်။
 
အိမ်နီးနားချင်းအမျိုးသမီးနဲ့ သူမရဲ့ခင်ပွန်းတို့ လက်ထပ်ထားတယ်ဆိုတာ တရားဝင်လား၊ တရားမဝင်လားဆိုတာကိုတော့ မသိရှိရပါ။

 


24 Jul 2019     1,426 Views




RELATED

Most Popular of Special or Others

Most Popular of NEWS